ဇွန်တွင်ထွက်ရှိမည့် PlayBoy တစ်ကိုယ်တော်ခွေကာ ဗာပုံကို အနုပညာအရဖြစ်ချင် သောဆန္ဒတစ်ခုအား အကောင်အ ထည်ဖော်ထားခြင်းဖြစ်သည်ဟု အေသင်ချိုဆွေကပြောသည်။
‘‘အခွေ နာမည်ကလည်း PlayBoy လို့ပေးထား။ အေသင့် ပုံစံက အစကတည်းက မိန်းကလေးသိပ်မဆန်ဘူး။ နည်းနည်းခပ်ကြမ်းကြမ်း၊သူများနဲ့မတူတဲ့ပုံစံမျိုးတွေ လုပ်ချင်တာ။ စိတ်ထဲမှာ တကယ် လုပ်ချင်နေတဲ့ပုစံမျိုးကို အရင် တုန်းကမလုပ်ဖြစ်ခဲ့တော့ အခုမှ အကောင်အထည်ဖော်ခွင့်ရတာ။ ဓာတ်ပုံရိုက်ခါနီးမှ အ၀တ်အစား နဲ့ ဒီပုံစံလိုက်မယ်ထင်လို့ရိုက် လိုက်တာ’’ဟု အေသင်ချိုဆွေက ပြောသည်။
အဆိုပါခွေကာဗာပုံကို ခပ် ဟော့ဟော့ပုံစံဝတ်ဆင်ကာ ဆေး လိပ်သောက်နေသည့်ပုံစံမျိုးရိုက် ကူးထားခြင်းဖြစ်သည်။အေသင် ချိုဆွေ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် မေလ၃၁ရက်က အဆိုပါဓာတ်ပုံတင်ကာ အခွေထွက်မည့်ရက်ကို ပရိသတ်များအားမိတ်ဆက်ခဲ့ပြီး PlayBoyခွေကို ဇွန်လ၂၁ရက်တွင် ပရိုမိုးရှင်းပွဲပြုလုပ်မည်ဖြစ် သည်။
‘‘ပထမဆုံးမေတ္တာရပ်ခံချင် တာက အနုပညာလိုပဲ ခံစားစေချင်ပါတယ်။ နောက်ပြီး အကုန်လုံးကို အေသင်နဲ့ အမြင်ချင်းတူစေချင် တယ်။ အေသင်ကလည်း ယော က်ျားဆန်ဆန်နဲ့ ခပ်မာမာပုံဆို တော့ ကိုယ့်စိတ်ကြိုက်ကိုယ်လုပ် လိုက်တာ’’ဟု အေသင်ချိုဆွေက ပြောသည်။
‘‘PlayBoy အယ်လ်ဘမ် တွင် သီချင်း ၁၃ပုဒ်ပါဝင်မည်ဖြစ် ပြီး ဂျေပီ၊ ကြက်ဖ၊ သြရသ၊ မိစန္ဒီ တို့က Featuring သီဆိုထားပြီး အေသင်ချိုဆွေရေးထားသော‘မောင့်လက်ဖ၀ါး’အမည်ရှိ သီချင်းတစ်ပုဒ်ပါဝင်မည်ဟုဆိုသည်။
‘‘အခွေသီချင်းစာအုပ်ကို လည်း စာရွက်သားကောင်းကောင်းနဲ့ ၀ယ်တာလည်း တန် အောင် အကောင်းဆုံးလုပ်ထား တယ်။ ကိုယ်တိုင်လည်း သီချင်း စာသားတွေကိုလက်ရေးနဲ့ ရေးပြီး တော့မှ စကင်ဖတ်ပြီးထည့်ထား တာ’’ဟု အေသင်ချိုဆွေကပြော သည်။ အေသင်ချိုဆွေသည်‘ပေါက်တဲ့အိုး’၊ ‘အနီးဆုံးလူနမ်းမှာ လား’ အယ်လ်ဘမ်နှစ်ခုထွက်ရှိ ထားသည်။
Author: ကြူကြူဟန်
7DAY DAILY
တစ်ကိုယ်တော်ခွေကာဗာကို စိတ်ကြိုက်ဓာတ်ပုံနဲ့ပုံဖော်ခဲ့တဲ့ အေသင်ချိုဆွေ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin