ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးကနေ ကမ္ဘာ့စံချိန်တင်ဖို့ အတွက် အလွတ်ခုန်ချပြခဲ့တဲ့ လူစွန့် စားနှစ်ဦး





 ဒူဘိုင်းနိုင်ငံမှာ တည်ရှိတဲ့ ၈၂၉.၈ မီတာမြင့်တဲ့ ကမ္ဘာအမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ Burj Khalifa ကနေ လူစွန့် စားနှစ်ဦးက ခုန်ချပြီး စတန့် ပြခဲ့တာပါ။

Vince Reffet နဲ့ Fred Fugen ဆိုသူနှစ်ယောက်အတွဲဟာ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ပါဝင်ခွင့်ရဖို့ အတွက် ဒီစိန်ခေါ်မှုကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ Burj Khalifa မိုးမျှော်တိုက်ရဲ့ ထိပ်ဖျားနေရာကနေ နှစ်ယောက်တွဲ အလွတ်ခုန်ချခဲ့တာဖြစ်ပြီး လေထုထဲမှာ အလှပြကွက်တစ်ချို့ ပြသခဲ့ပြီးမှ မြေပြင်ကို လေထီးနဲ့  အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြပါတယ်။

Base Jumping ကစားသမားတွေဖြစ်တဲ့ Vince နဲ့ Fred တို့ ဟာ အခုလို အသက်အန္တရာယ်အများဆုံး စတန့်  ပြကွက်ကို ပြသဖို့ အတွက် အာဏာပိုင်တွေဆီကနေ ခွင့်ပြုချက်ကို ခက်ခက်ခဲခဲ ရယူခဲ့ရတာပါ။ Base Jumping ဟာ အသက်အန္တရာယ်အများဆုံးကစားနည်းထဲကတစ်ခုဖြစ်ပြီး အမြင့်ဆုံးနေရာရဲ့ အစွန်အဖျား၊ ထိပ်ဖျားတွေကနေ မြေပြင်ပေါ်ကို အလွတ်ခုန်ချရတဲ့ကစားနည်းပါ။ လေထုထဲမှာ အလှပြကွက်တွေပြသပြီးမှ လေထီးကို အသုံးပြုကြတဲ့ ကစားနည်းဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ရဲ့ အလွတ်ခုန်ချမှုကို တာဝန်ယူစီစဉ်ပေးခဲ့တာက Skydive Dubai အဖွဲ့ အစည်းက ဖြစ်ပါတယ်။ The Burj Khalifa မိုးမျှော်တိုက်ဟာ မီတာပေါင်း ၈၃၀ နီးပါးမြင့်ပြီး Empire State အဆောက်အဦးထက် နှစ်ဆပိုမြင့်ပါတယ်။

Ref: Mirror.co.uk
Treand Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ