ဆံကေသာတွက် သတိချပ်

တိုးတက်ခေတ်မီလာသည့်နှင့်အမျှ ရုပ်ပိုင်းဆိုင်ရာပြု့ ပြင်ပြောင်းလွဲမှု့ များစွာ လုပ်ဆောင်လာတက်ကြပါတယ်။ ကောင်းကျိုးရှိနိုင် မရှိနိုင်သည်ကို သတိမမူ့ မိတော့ ဆိုးကျိုးများခဲ့တာတွေအတူယှဉ်တွဲလာပါတယ် ။တစ်ခုဖြစ်သည့် ဆံကေသာအတွက်ပြု့ ပြင်ပြောင်းလဲခြင်းများစွာလုပ်ဆောင်နေသည့်ထဲတွင် အမျိုးသမီးများစွာပြု့ လုပ်လေ့ရှိပါသည် ။အခုလို ပူပြင်းခြောက်သွေ့ သော ရာသီတွင် ဆံပင်ခြောက်ခြင်းကို ဖြစ်ပေါ်စေသလို နေမှလာသည့် ခရမ်းလွန်ရောင်ခြည်ထိတွေမှု့ နှင့်အတူ မိမိ ဦးခေါင်းအရေပြားမှ ထွက်ပေါ်လာသည့် ချွေးငွေ့ တွေကြောင့် ဆံပင်ခြောက်ခြင်းအပြင် ပျက်စီးမှု့ လည်း ဖြစ်ပေါ်စေပါသည် ။

မိမိဆံပင်ခြောက်သွေ့ ခြင်းဖြစ်ပေါ်နေသည်ကိုသတိမထားမိဘဲ ထပ်မံပြီးတော့အပြင်း ခေါင်းလျှော်ရည်များကို သုံးစွဲလျှော်ခြင်းကြောင့် ဆံပင်များ ပိုမို ခြောက်သွေ့ ပြီး ဆံပင်ကျွတ်ခြင်းဖြစ်ပေါ်လာနိုင်ပါသည် ။ ဆံပင်လျှော်ပြီး ချက်ခြင်း အပူဖြင့် အခြောက်ခံခြင်း မပြု့ လုပ်သင့်ပါ ။ ဆံပင်အတွက် ထုတ်လုပ်ထားသော hair cream နှင့် hair lotion တို့ ကို လိမ်းပြီးမှသာ မိမိ ဆံကေသာများကို အပုပေး အခြောက်ခံခြင်း စနစ်သုံးခြင်းသည်သာ မိမိဆံပင် ပျက်ဆီးစေခြင်း နည်းပါးသလို ခြောက်သွေ့ ခြင်းလည်း မဖြစ်ပေါ်စေပါ ။

အပြင်းစားခေါင်းလျှော်ရည်အမျိုးအစားကို ရေရှည်သုံးစွဲလာခြင်းကြောင့် ဆံကေသာအတွက်ပါပင် မဟုတ်ဘဲ ဦးရေပြားကို ထိခိုက်နိုင်သည့်ကို သတိချပ်ပါ ။ ပါဝင်သည့်ဓာတုဆေးရည်များကြောင့် ဓာတ်မတည့်သည့်အခါတွင် ဦးရေပြားများတွင် အနာပေါက်ခြင်း ၊ ယားယံခြင်း နှင့် ဆံပင်များကျွတ်ခြင်း ဖြစ်ပေါ်ပါသည် ။

ဆံပင်အရောင်အမျိုးမျိုးပြောင်းလဲဆိုးသောသူများတွင် ဆံပင်ကေသာပျက်ဆီးခြင်းအဖို့ ရာခိုင်နှုန်းပိုများသည် ။ အရောင်ဓာတ်ဆေးဆိုးရည်များကြောင့် ဦးရေပြားယားယံအနာပေါက်လာခဲ့ပါက ကုသမှု့ ကြာမြင့်တက်သလို ဆံကေသာများကျွတ်ထွက်ဆုံးရှုံးတက်ပါသည် ။ အပြင်းစားခေါင်းလျှော်ရည်များသုံးပြီး ခဏခဏ ခေါင်းလျှော်ခြင်း လုံးဝ မပြု့ လုပ်သင့်သဖြင့် မိမိ ဆံကေသာအတွက် သတိချပ်ပါ ။

အသက်ရာကျော် ရှည်ပါစေ

Mg Mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ