ချယ်လ်ဆီးနှင့်သရေကျခဲ့သည့် ရလဒ်ကို အက်သလက်ကစားသမားများ မကျေနပ်

အိမ်ကွင်းဗင်းဆင့်တေးကယ်ဒါရွန်တွင် ကစားခဲ့သည့်ပွဲစဉ်၌ ချယ်လ်ဆီးအသင်းကို အနိုင်ရအောင်မကစားနိုင်ခဲ့သည့်အတွက် အက်သလက်ကစားသမားများမှာမကျေမနပ်ဖြစ်လျက်ရှိသည်။ အက်သလက်အသင်းသည် ထိုပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအသာ ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၂၀ ကျော်ပြုလုပ်ကစားနိုင်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ ၀-၀ ဂိုးရလဒ်ဖြင့် သရေကျခဲ့ရသည်။

အက်သလက်အသင်းခေါင်းဆောင်ဂါဘီက “ဒီပွဲရလဒ်ကို ကျွန်တော်တို့ လုံးဝမကျေနပ်ပါဘူး။ ဒါပေမယ့် ပြိုင်ပွဲအခြေအနေက ရှင်းရှင်းလင်းလင်းရှိနေပါတယ်။ သူတို့က ခံစစ်ကိုအားပြုကစားတဲ့ အသင်းဆိုတာ အခု ကျွန်တော်တို့သိသွားပါပြီ” ဟုဆိုခဲ့သည်။

အက်သလက်နောက်ခံလူ ဂျူအန်ဖရန်ကလည်း ထိုရလဒ်အတွက် မပျော်ရွှင်နိုင်ကြောင်းပြောဆိုခဲ့သည်။ ဂျူအန်ဖရန်က “ဒီပွဲရလဒ်အတွက် မပျော်ရွှင်နိုင်ပါဘူး။ ကျွန်တော်တို့ ဒီပွဲကိုအနိုင်ရဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် ဒါကိုကျွန်တော်တို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး” ဟုဆိုခဲ့သည်။

ထို့အပြင် ဂျူအန်ဖရန်က ချယ်လ်ဆီးကွင်းစတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ၎င်းတို့အနိုင်ရနိုင်ကြောင်းလည်းဆိုခဲ့သည်။ “ချယ်လ်ဆီးက ခံစစ်ကစားပွဲတစ်ခုကို ကစားခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကျွန်တော်တို့ကို အနိုင်ရမယ်လို့ ယူဆထားလို့ပါ။ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အနိုင်ရဖို့ခက်ခဲမယ်ဆိုတာသိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနိုင်ရဖို့အခွင့်အလမ်းတွေ လည်းရှိနေပါသေးတယ်”ဟု ဆိုခဲ့သည်။

အက်သလက်နှင့်ချယ်လ်ဆီးတို့သည် လာမည့်မေလ ၁ ရက်နေ့တွင် စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်း၌ ဒုတိယအကျော့ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ရည်ညွှန်း ဖွတ်ဘောအက်စ်ပန်နာ
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ