သူ့ဘဝနဲ့ ပတ်သက်တဲ့ သီချင်း တစ်ပုဒ်ရေးဖို့ ဆန္ဒရှိနေတဲ့ ကြက်ဖ

ခေတ်ရဲ့ပြောင်းလဲလာမှုတွေနဲ့ အတူ သူကိုယ်တိုင်လည်း ပြောင်းလဲ မှုတွေရှိလာခဲ့ပြီလို့ပြောလာတဲ့ အနု ပညာရှင်ကတော့ ကြက်ဖ ပဲဖြစ်ပါတယ်။

” ကျွန်တော့်အနေနဲ့ အသက် အပိုင်းအခြားအရလည်း ဘဝက တစ်ဝက်ကျိုးသွားပြီလေ။ အဲဒီတော့ ရှေ့ဆက်ပြီးတော့လမ်းမှန် ကို လျှောက်ဖြစ်တော့မယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ နမော်နမဲ့ တအား နိုင်ခဲ့တယ်။ သင်ခန်းစာတွေလည်း အများကြီးရှိခဲ့ပြီဆိုတော့ ဒါကိုအကျိုးရှိရှိအသုံးချဖြစ်မယ်လို့ ထင်ပါတယ်” လို့ ယခုလက်ရှိအရွယ်မှာ ဘဝနဲ့ပတ် သက်ပြီး သိလာခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်းကို ကြက်ဖက ပြောပြပါတယ်။

ဖြတ်သန်းခဲ့ရတဲ့ ဘဝရဲ့တစ်စိတ်တစ်ဒေသ ကို ဖော်ကျူးနိုင် မယ့်သီချင်း မျိုးတွေ လည်းရေးဖို့အစီအစဉ်ရှိ ကြောင်း ပထမဆုံးအနေနဲ့ဘဝနဲ့ ပတ်သက်တဲ့ သီချင်းတစ်ပုဒ်ကိုရေးဖို့ စီစဉ်ထားခဲ့ပြီးပြီဖြစ်ပေမယ့် အတီးပိုင်းနဲ့ပတ် သက်ပြီးခေါင်း စားနေရ ခြင်း ပဲ ဖြစ်ကြောင်းကြက်ဖကပြောပါတယ်။

” ကျွန်တော့်အနေနဲ့ အဖေ သီချင်းနဲ့စပေါက်ခဲ့တယ်။ အဖေ သီချင်းကို အိမ်တွင်းရေးဆိုပြီး နာမည်ပေးခဲ့တယ်။ ပြီးတော့ ဒါငါ့အမေဆိုပြီး အမေသီချင်းရေးခဲ့တယ်။ အဲဒီ သီ ချင်းနှစ်ပုဒ်မှာမှ ကျွန်တော်မှားခဲ့တဲ့ကျွန်တော့်ရဲ့ခံယူချက်လေးတွေ၊ ကျွန်တော့် ရဲ့ခံစားချက်လေးတွေကို ပြင်ဖြစ်ပြီး အခုလက်ရှိ ခံစားချက်အနေနဲ့ သီချင်းသစ် တစ် ပုဒ်ရေးနေတယ်။ အိမ်တွင်းရေး(၃)ဆိုတာ လည်းဖြစ်လာနိုင်ပါသေးတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျွန်တော့်အနေနဲ့ မိဘနေရာ မရောက်သေးတဲ့ အတွက်မိ ဘတွေ ရဲ့ခံ စားချက်ကိုနားမလည် နိုင်သေးတာလည်းပါတယ်။အခုရေးမယ့် သီချင်းတွေအပေါ်မှာလည်းမှားမှာကို ကြောက်တယ်။
ကျွန်တော့် ကိုယ် ကျွန် တော် မယုံရဲဘူးဖြစ်နေတာပေါ့” လို့ လက်ရှိခံစားချက်အရ ရေးချင်စိတ်ဖြစ် ပေါ်နေတဲ့သီချင်းတွေနဲ့ပတ်သက်ပြီး ကြက်ဖကပြောပြပါတယ်။

အခု လတ်တလောမှာတော့ကြက်ဖက ဒါရိုက်တာဝင်း ထွန်းထွန်း ရိုက်ကူးတဲ့ ” စနစ်တကျဆိုးသွမ်းကြသူများ” ဗီဒီယိုဇာတ်ကား ကို မြင့်မြတ်၊ ယုန်လေးတို့နဲ့ပါ ဝင် သရုပ်ဆောင် ထားပါတယ်။

လင်းအက္ခရာ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ