လင်မယားစကားများစဉ် ခင်ပွန်းမှ ဓါးဖြင့်ထိုး၍ ဇနီးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

၂၄.၂.၂၀၁၄ရက်နေ့ ၀၉၀၀အချိန်ကျောက်တန်းမြို့နယ်၊ တံတားမြို့နယ်ခွဲနေ သိန်းဝင်း(ခ)သူဟန်(၂၆)နှစ်၊လယ်စားရင်းငှား (ဘ)ဦးသန်းလွင်နှင့် ဇနီးဖြစ်သူမနွယ်နီ(၁၈)နှစ် တို့သည် သုံးခွမြို့နယ်၊ ကဒပ္ပနကျေးရွာအုပ်စု၊ အရှေ့တံခွန်တိုင်ရွာရှိ ဦးဇော်ဝင်း၏ လယ်ကွင်းအတွင်း ပဲများခူးဆွတ်သည့် အလုပ်လုပ်ကိုင်နေကြစဉ် ခင်ပွန်းဖြစ်သူ သိန်းဝင်းသည် ပဲမခူးဘဲနေသဖြင့် ဇနီးဖြစ်သူမနွယ်နီကပြောဆိုရာမှ စကားများကြပြီး သိန်းဝင်း(ခ)သူဟန်မှ မနွယ်နီအား အရိုးအသွား(၆)လက်မခန့်ရှိ မီးဖိုချောင်သုံးဓါးဖြင့် ထိုးခဲ့၍ မနွယ်နီတွင် ရင်ညွန့်၌ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ၀ဲ/ယာနံကြား၌ထိုးသွင်း ဒဏ်ရာ(၂)ချက်၊ ၀ဲလက်မောင်း၊တံတောင်တို့တွင် ပြတ်ရှဒဏ်ရာ(၂)ချက်၊ ၀ဲလက်ဖျံ၌ပြတ်ရှဒဏ်ရာ(၇)ချက်၊ ယာခြေသလုံး၌ပြတ်ရှဒဏ်ရာ(၁)ချက် တို့ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူမနွယ်နီ၏ မိခင်ဒေါ်တင်လှမှ သိန်းဝင်း(ခ)သူဟန်အား အရေးယူ ပေးပါရန်တိုင်တန်းခဲ့သဖြင့် သုံးခွမြို့မရဲစခန်း (ပ)၅၆/၂၀၁၄၊ ပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ