မန်ယူအသင်းနှင့် သက်တမ်းတိုးစာချုပ်သစ် ရွန်းနီချုပ်ဆို

မန်ယူအသင်းမှ ရှေ့တန်းကစားသမား ရွန်းနီသည် တစ်ပတ်လုပ်ခ စတာလင်ပေါင် သုံးသိန်းဖြင့် အသင်းနှင့် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းနှင့် ၎င်း၏ ကစားသမားဘဝကို အဆိုပါ အသင်း၌သာ ၂ဝ၁၉ ခုနှစ်အထိ ပါဝင်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။

ရွန်းနီသည် ယင်းစာချုပ်ချုပ်ဆိုပြီးနောက် ယခုအခါ မန်ယူအသင်း၏ သမိုင်းတွင် လစာငွေအမြင့်ဆုံး ရရှိသည့် ကစား သမားတစ်ဦး ဖြစ်လာခဲ့သည်။ အသင်းနည်းပြ ဒေးဗစ်မိုရက်စ်သည် ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့သော သတင်းစာ အကြို ရှင်းလင်းပွဲတွင် အသင်းနှင့် ရွန်းနီ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းကို အတည်ပြုပြောကြားရန် ငြင်းဆိုခဲ့သည်ဟု သိရသည်။

မိုရက်စ်သည် အသက် ၂၈ နှစ်အရွယ်ရှိ ရွန်းနီကို ဒုတိယ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ရန် မျှော်လင့်ထားပြီး လာမည့် ရာသီတွင် အသင်းအား ပြန်လည်ခြေစွမ်း ပြနိုင်ရေးအတွက် ၎င်းအား အဓိကကစားသမား တစ်ဦးအဖြစ် ပါဝင်ကစားစေရန် ရည်မှန်းထားကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ