ထမင်းမချက်သည့် ယောက်ျားကို မိန်းမဖြစ်သူက ဓါးမဖြင့်ခုတ်

ဇော်ဇော်ထွေး| တနင်္လာနေ့၊ ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ တိုက်ကြီးမြို့နယ်တွင် ထမင်းမချက်သည့် ယောက်ျားကို မိန်းမဖြစ်သူက ဓါးမဖြင့် ခုတ်မှုတစ်ခု ဖေဖော်ဝါရီ ၂ရက်က ဖြစ်ပွားခဲ့သည်ဟု မြို့နယ် ရဲစခန်းမှူးဖြစ်သူ ရဲအုပ် သန်းဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ အမှုမှာ တိုက်ကြီးမြို့နယ် စပါးကိုင်းအုပ်စု၊ လက်ပံကုန်းရွာတွင် နံနက် ၁၀နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျော်လွင်ဦး (၄၉)နှစ်ကို ဇနီးဖြစ်သူ မတင်မာဝင်း (၄၂)နှစ်က ထမင်းချက်ခိုင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် ယောက်ျားဖြစ်သူက ထမင်းမချက်ဘဲ ထမင်းကြော်ထားကြောင်း၊ ထမင်းကြော်ပဲ စားရန် ပြောရာ မကျေနပ်ဘဲ စကားများပြီးနောက် မိန်းမဖြစ်သူက ဓါးမဖြင့် ခုတ်ခဲ့သော အမှုလည်း ဖြစ်သည်။

"လောလောဆယ်တော့ ဓါးနဲ့ခုတ်သူက ရှောင်နေပါတယ်။ ကျွန်တော်တို့ လိုက်လံရှာဖွေဖမ်းဆီးနေပါတယ်။ သူက ဓါးမနဲ့ခုတ်လို့ နာကျင်စေမှု ပုဒ်မနဲ့ အမှုဖွင့်ထားတယ်။ ယောက်ျားဖြစ်သူကတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး” ဟု စခန်းမှူး ရဲအုပ်သန်းဦးက ပြောသည်။

ဖြစ်စဉ်တွင် စကားများရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူ ကျော်လွင်ဦးမှာ ဝါးခုတ်ဓါးမအား ဘေးချထားပြီး နှီးဆက်ထိုးနေစဉ် ဇနီးဖြစ်သူ မတင်မာဝင်းက ဓါးမအား ကောက်၍ နောက်မှ ခုတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် ကျော်လွင်ဦးတွင် ဦးခေါင်းနောက်စေ့၊ ဦးခေါင်းဝဲဘက်နောက်စေ့နှင့် ယာလက်ခလယ်၊ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး တိုက်ကြီးဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသနေရသည်။

ထို့နောက် ဇနီးးဖြစ်သူ မတင်မာဝင်းကို အရေးယူပေးရန် ကျော်လွင်ဦးက တိုင်တန်းသဖြင့် တိုက်ကြီးရဲစခန်းက (ပ)၄၂/၂၀၁၄ဖြင့် အမှုဖွင့်ပြီး နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို လိုက်လံရှာဖွေဖမ်းဆီးနေသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ