ဆီးဂိမ်းပိတ်ပွဲတွင် အလှပြခဲ့သော ရိုးရာခြင်းလုံးအဖွဲ့ ငွေကြေးအပြည့်အဝ မရခဲ့ဟု ဆို



၂၇ ကြိမ်မြောက် ဆီးဂိမ်းပိတ်ပွဲ တွင် ရိုးရာခြင်းလုံး အားကစားနည်းဖြင့် အလှပြခဲ့သော ကစားသမားများအား မြန်မာနိုင်ငံခြင်းလုံးအသင်း ဥက္ကဋ္ဌမှ မေတ္တာဖြင့်ချီးမြှင့် သည့် ငွေကြေးအပြည့် အဝမရခဲ့ဟု အဆိုပါ ကစားသမားတစ်ဦး က ပြောသည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပိတ်ပွဲ တွင် ရိုးရာခြင်းလုံးအားကစားနည်းဖြင့် အလှပြခဲ့သော ကစားသမား ၂၂၂ ဦး အား တစ်ရက်လျှင် ငွေကျပ် ၅ဝဝဝ ပေးမည်ဟု ပြောကြား ခဲ့ပြီးနေပြည်တော် တွင် ၅၂ ရက်ကြာ လေ့ကျင့်ကစားအပြီး တွင် တစ်ဦးလျှင် ငွေကျပ် ၂၆ဝဝဝဝ ရမည်ကို တစ်သိန်းခန့်သာ ချီးမြှင့်သည် ဟု အဆိုပါ ကစားသမားတစ်ဦး ထံမှ သိရသည်။

”အစ်ကိုတို့က နှစ်သိန်းခြောက် သောင်းရရမှာကို တစ်သိန်းပဲရတယ်။ အဲဒီတော့ ကစားသမားတွေက နည်း နည်းဆူသွားတယ်။ တချို့ကလည်း မ ခတ်တော့ဘူးပေါ့။ ဒါပေမဲ့ ၄၄ နှစ် ကြာမှ တစ်ခါပြုလုပ်ရတဲ့ နိုင်ငံတော် ပွဲမို့လို့ အားလုံးကညီညီညွတ်ညွတ်ဆက် ကစားပေးကြပါတယ်” ဟု ခြင်းအလှပြ ကစားသမားတစ်ဦးထံမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန် မာနိုင်ငံခြင်းလုံး အတွင်းရေးမှူး (၁) ဦးပြည့်စုံမြင့်က ”ဦးတို့ ကတိပေးခဲ့တာ တော့မှန်ပါတယ်။ ဒါပေမဲ့ ဦးတို့က ပထမတစ်ခါ ရန်ကုန်မှာ ၁၆ ရက်ကြာ လေ့ကျင့်တုန်းကတော့ တစ်ရက် ၅ဝဝဝ နှုန်းနဲ့ ရှစ်သောင်းအပြည့် ပေးနိုင်ပါတယ်။ ဒါပေမဲ့ ပေးမယ်ဆိုပြီး စာချုပ် စာတမ်းနဲ့လုပ်ထားတာ မဟုတ်ဘူး။ တကယ့် လက်ရွေးစင် ကစားသမား တောင် ရွှေလေ့ကျင့်ရေးစခန်းမှာ နေ စရိတ်စားစရိတ်အပြီး ၈ သောင်းပဲရ တာ။ ငွေကြေးကုန်ကျတဲ့စရိတ်ကလည်း များနေလို့ တစ်ဦးကို တစ်သိန်းနှုန်း လောက်ပဲ ပေးဖြစ်သွားတာပါ”ဟု ပြော သည်။

ခြင်းလုံးအလှပြကစားသမားများ အနေနှင့် အနည်းငယ် နားလည်ပေးစေ လိုကြောင်း ¤င်းကထပ်မံပြောကြားခဲ့ သည်။

ထို့အပြင် နိုင်ငံတော်မှ ထိုကစား သမား ၂၂၂ ဦးအား နေထိုင်စားသောက် ရန်ပါ တာဝန်ယူထားကြောင်း သိရ သည်။

လက်ရှိအဖွဲ့ချုပ်ခြင်းလုံးအသင်း မှာ ခြင်းလုံးအကယ်ဒမီပါ ဖွင့်ဖို့စီစဉ် ထားကြောင်း သိရသည်။

”ဒီလိုပေးတာလည်း ဦးတို့ခြင်းလုံး အဖွဲ့တစ်ခုပဲရတယ်။ အစိုးရက ပေးတာ လည်းမဟုတ်ဘူး။ ဥက္ကဋ္ဌကြီးကသာ မေတ္တာနဲ့ပေးတာပါ။ တခြားသူတွေဆို ဦးကြားတာကြွှ ဆင်းမ်ကတ်နဲ့ ငွေ တစ်သောင်းကျော်ကျော်လေးပဲ ရတာ ပါ”ဟု မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အတွင်းရေးမှူး(၁)ဦးပြည့်စုံမြင့်က ပြော သည်။

ခြင်းလုံးအသင်းသည် ဒီဇင်ဘာ ၂ဝ ရက် မွန်းလွဲ ၂ နာရီ၌ နေပြည်တော် ရှိ သင်္ဂဟဟိုတယ်တွင် အာရှခြင်းလုံး အသင်းဖွဲ့စည်းခဲ့ပြီး ၂ဝ၁၄ ခုနှစ်ဘရာ ဇီးတွင်ကျင်းပမည့် ကမ္ဘာ့ဖလားတွင် လည်း အလှပြရန်အတွက် မြန်မာနိုင် ငံ ခြင်းလုံးအသင်းအားကမ်းလှမ်းထား ကြောင်း သိရသည်။

ဇေဝေယံ

Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ