လှိုင်းကြီး၍ စက်လှေနစ်မြုပ်

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ တောင်သုံးလုံးကျေးရွာနေ စက်လှေပိုင်ရှင် ဦးဖိုးဇော်(၃၅)နှစ်သည် ၎င်း၏မိတ်ဆွေဖြစ်သူ ပုလောမြို့နယ်၊ ကြဲကျေးရွာနေ ဦးထွန်းနိုင်ငယ်(၂၇)နှစ်၏ အဘိုးနာရေးကိစ္စသွားရန် ဦးဖိုးဇော်ပါ ကျား ၁၃ဦး၊ မ ၆ ဦး၊ စုစုပေါင်း ၁၉ ဦးသည် စက်လှေဖြင့် တောင်သုံးလုံးမှ ကြဲကျေးရွာသို့ ထွက်ခွာခဲ့ရာ သမီးလှကျွန်းနှင့် ကော့ဒွေးကျွန်း အကြား အရောက်၌ လှိုင်းကြီးသဖြင့် စက်လှေ နစ်မြုပ် ခဲ့သည်။

ထိုသို့ နစ်မြုပ်မှုကြောင့် စက်လှေပေါ်ပါ ကျွန်းစုမြို့နယ်၊ တောင်သုံးလုံးကျေးရွာနေ မစုစုလှိုင်(ခ)မကြာပွင့် (၂၅)နှစ်မှာ ပင်လယ်ပြင်၌ မျောပါနေစဉ် ငါးဖမ်းစက်လှေတစ်စီးမှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ပြီး တောင်သုံးလုံး ကျေးရွာသို့ ပို့ဆောင်ပေးအပ် ခဲ့သဖြင့် တောင်သုံးလုံးရွာသူ/ရွာသားများမှ ပင်လယ်ပြင်သို့ သွားရောက် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရာ ဦးဖိုးဇော်ပါ ကျား ၁ ဦး၊ မ ၂ ဦးတို့အား ပင်လယ်ပြင်၌ မျောပါနေစဉ် အသက်ရှင်လျက် ထပ်မံကယ်ဆယ်နိုင်ခဲ့သည်။

စက်လှေ၌လိုက်ပါသွားသူများအနက် မောင်ခေတ်သစ်(၅)နှစ်ပါ ကျား ၂ ဦး၊ မ ၁ ဦးတို့၏ အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ဦးထွန်းနိုင်ငယ်ပါ ကျား ၁၀ ဦး၊ မ ၂ ဦး မှာ ပျောက်ဆုံးလျက် ရှိသဖြင့် ကျွန်းစုမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်သားများ၊ ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ၀န်ထမ်းများ၊ မြို့နယ်ကြက်ခြေနီဝန်ထမ်းများနှင့် ရွာသူ/ရွာသားများသည် ပင်လယ်ပြင်သို့ထွက်ခွာ၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ