တည်းခိုးခန်း တစ်ခုတွင် တရုတ်နိုင်ငံသားတစ်ဦးထံမှ ခိုးမှု ပေါ်ပေါက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

၂၃.၁၂.၂၀၁၃ရက်နေ့ ၀၂၀၀အချိန်တွင် မော်လမြိုင်မြို့ရှိ တည်းခိုးခန်း တစ်ခုတွင် တရုတ်နိုင်ငံသားတစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နေ မနှင်းဝေဦး(ခ)ဝေေ၀အောင်နှင့်အတူ တည်းခိုးနေထိုင်ခဲ့ပြီး ၀၉၃၀အချိန် အိပ်ယာမှနိုးစဉ် မနှင်းဝေဦးမှာ မရှိတော့ဘဲ တရုတ်နိုင်ငံသားပိုင်ဆိုင်သည့် စုစုပေါင်းငွေကျပ်တန်ဘိုး သိန်း(၂၀)ခန့်နှင့် အရေးကြီးစာရွက်စာတမ်းများပျောက်ဆုံးနေသဖြင့် ဇေယျာသီရိနယ်မြေ ရဲစခန်း(ပ)၉၆/၂၀၁၃၊ပုဒ်မ ၃၈၀ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ ချိတ်ဆက်ရောက်ရှိ အကူအညီတောင်းခံလာသဖြင့် ဒလမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ လိုက်ပါပူးပေါင်းစုံစမ်းဆောင်ရွက်ခဲ့ရာ မနှင်းဝေဦး(ခ) ဝေေ၀အောင် အား လှိုင်သာယာမြို့နယ်၊ န၀ဒေးအိမ်ရာအတွင်းရှိ တည်းခိုခန်းတစ်ခုတွင် ရောက်ရှိတည်းခို နေထိုင်လျှက်ရှိစဉ် ဖမ်းဆီးရမိခဲ့ပါသည်။

မနှင်းဝေဦး(ခ)ဝေေ၀အောင်အား စစ်ဆေးဆောင်ရွက်ခဲ့ရာ အဆိုပါအမှုအား ၎င်းကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး သက်သေခံပစ္စည်း အပြည့်အစုံ သိမ်းဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ