သင်္ဘောလွန်ကျင်းအတွင်း လူတစ်ဦးဒဏ်ရာများဖြင့် သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂။

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တို မြို့နယ်ရှိ သင်္ဘော လွန်းကျင်းတစ်ခုအတွင်း လူတစ်ဦးဒဏ်ရာများဖြင့် သေဆုံး နေသည့် လူသတ်မှု တစ်ခု ဒီဇင်ဘာ တစ်ရက်နေ့ နံနက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာဆိပ်တိုမြို့မရဲစခန်းမှ ဒုရဲမှူးဇော်မင်းနိုင်သည် တာဝန် မှူးဆောင်ရွက်စဉ် ၀င်းရွှေဝါသင်္ဘောကျင်း မန်နေဂျာ ဦးမြသိန်းမှ ၀င်းရွှေဝါ သင်္ဘောလွန်ကျင်းအတွင်း လူတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း ဆိပ်ကြီးခနောင်တို ရဲစခန်းမှ သိရသည်။

စစ်ဆေးချက်အရ သေဆုံးသူမှာ သိုင်းသီဟငါးဖမ်းလှေ လက်ထောက်စက်ပဲ့နင်းသည် ရေအနက် တစ်ပေကျော်ခန့် ရှိသော တက်မကျင်း ရေအိုင်အစပ်တွင် ဦးခေါင်း ၀ဲ/ယာ ချိုစောင်း၌ ၂လက်မခန့် ပြတ်ရှဒဏ် ရာတစ်ချက်စီရ၍ မှောက် လျက်သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ၎င်းရုံးမှသိရသည်။

“မနေ့က တိုင်းတို့၊ ခရိုင်တို့ကတော့ လာစစ်သွားတယ်။ အဲဒီမှာ သံသယရှိသူနှစ်ဦးကို ဖမ်းချုပ်ထား တယ်”ဟု ဆိပ်ကြီး ခနောင်တို ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအမှုအား ဆိပ်ကြီးခနောင်တို မမစ(ပ) ၁၄၈/၁၃ ပြစ်မှုပုဒ်မ- ၃၀၂ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

ရေးသားသူ-ဝေဖြိုး
တည်းဖြတ်-နီတိုး

People power


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ