ရန်ကုန်၊ ဒီဇင်ဘာ ၂
၁၄.၁၁.၂၀၁၃ရက်နေ့ ၁၄၃၀အချိန်တွင် တာမွေမြို့နယ်၊ (က+ဂ)ရပ်ကွက်
၊(၁၅၆)လမ်းနေ ဦးမိုဟာမက်စောလင်းသည် မလေးရှားနိုင်ငံမှပြန်လာမည့်
ဇနီးဖြစ်သူအား ၆င/၈၆၇၁၊Bakta ခဲရောင်ကိုယ်ပိုင်ယာဉ်ဖြင့် မင်္ဂလာဒုံ လေဆိပ်သို့သွားရောက်ခဲ့ပြီးကာပါကင်(၂)တွင် ရပ်ထားခဲ့ရာဇနီးဖြစ်သူအား ကြိုပြီး ၁၅၀၀အချိန် ကားရှိရာသို့ပြန်လာစဉ် ယာဉ်မှာပျောက်ဆုံးနေကြောင်း
တွေ့ရှိရသဖြင့် စုံစမ်းဖေါ်ထုတ်အရေးယူပေးရန် တိုင်တန်းခဲ့ရာ မင်္ဂလာဒုံ
မြို့မရဲစခန်း(ပ)၇၁၃/၂၀၁၃၊ ပုဒ်မ ၃၇၉(ကား)ဖြင့် အမှုဖွင့်အရေးယူကာ စုံစမ်းဆောင်ရွက်လျှက်ရှိပါသည်။
အဆိုပါယာဉ်ပျောက်မှုနှင့်ပတ်သက်၍ မြို့ဝင်/ထွက်တိုးဂိတ်များအား လိုက်လံစုံစမ်းခဲ့ရာ တိုးဂိတ်မှတ်တမ်းများအရ ၎င်းယာဉ်အား သင်္ဃန်းကျွန်း
မြို့နယ်၊ (င/က)ရပ်ကွက်နေသူ စိုးလွင်မှ
ခိုးယူသွားကြောင်းစုံစမ်းသိရှိရပြီး ခိုးယူသွားသူမှာ
မော်လမြိုင်မြို့တွင်ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့်
သွားရောက်ဖမ်းဆီးခဲ့ရာ ပျောက်ဆုံးယာဉ်အား မော်လမြိုင်ကားကြီးဝင်းရှေ့တွင်
ပြန်လည်တွေ့ရှိရပြီး ခိုးယူသွားသူ စိုးလွင်အား ဖမ်းဆီးရမိရေးအတွက်
အခြားမြို့နယ်၊ ရဲစခန်းများသို့ ဆက်သွယ်ခဲ့ရာ ၃၀.၁၁.၂၀၁၃ရက်နေ့
၂၃၃၀အချိန်တွင် စိုးလွင်(ခ)စလာဒင်(ဘ)ဦးစိုးဝင်း၊ ဇာဝေရာ လမ်း၊
(င/က)ရပ်ကွက်၊ သင်္ဃန်းမြို့နယ်နေသူအား ထားဝယ်မြို့မရဲစခန်းမှ
ဖမ်းဆီးထားကြောင်း သိရှိရသဖြင့်မင်္ဂလာဒုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှ
သွားရောက်ခေါ်ယူလျှက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
မင်္ဂလာဒုံလေဆိပ်တွင်ရပ်ထားသောကားအား ခိုးသူအား ထားဝယ်မြို့တွင်ဖမ်းဆီးရမိ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin