မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီ ဆုတံဆိပ် ၁၂ ဆု ပေးအပ်ရန် လျာထား

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

မြန်မာ့ရုပ်ရှင်လောကမှ သရုပ်ဆောင် ထူးချွန်သည့် အနုပညာရှင်များကို ဂုဏ်ပြု ချီးမြှင့်မည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီမှ ၈ နာရီအချိန်ထိ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပမည်ဖြစ်ရာ ယင်းအခမ်းအနားတွင် ဆုတံဆိပ် စုစုပေါင်း ၁၂ ဆုကို ချီးမြှင့်ရန် လျာထားကြောင်း မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ ညွန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ပြောကြားသည်။

“ဆုတွေကို အသေးစိတ် မပြောပြတော့ပါဘူး။ အဲဒီနေ့မှ စောင့်ကြည့်ပါ။ ဒီနှစ်ကတော့ အရင်နှစ်တွေထက် အများကြီးကောင်းအောင် စင်တည် ဆောက်တာကအစ အပြင်အဆင် ပိုင်းကိုလည်း သေချာ လုပ်ထားပါတယ်။ ဒီနှစ်မှာ ကြားညှပ် ဖျော်ဖြေရေး အစီအစဉ်တွေ ထည့်ထားပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ယခုနှစ် အကယ်ဒမီ ပေးပွဲကို မြန်မာနိုင်ငံ ရုပ်ရှင်လုပ်ငန်းမှ မိမိတို့ ရုပ်ရှင် အစည်းအရုံး၏ ဆန္ဒများစွာကို လိုက်လျော ပေးထားပြီး ယခင်နှစ်များနှင့် မတူအောင် စီစဉ်ထားကြောင်း မိမိတို့ နိုင်ငံ၏ ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို နိုင်ငံတကာ ရုပ်ရှင် အော်စကာပေးပွဲများ ကဲ့သို့ ထူးခြားသော ပုံစံဖြစ်စေချင်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ သရုပ်ဆောင်လူမင်းက ပြောကြားသည်။

အကယ်ဒမီပွဲ လက်မှတ် ဈေးနှုန်းများကို ၅၀၀၀၊ ၁၀၀၀၀ နှင့် ၂၀၀၀၀ ကျပ် အသီးသီး သတ်မှတ်ထားပြီး သမ္မတ၊ သွင်၊ ရှေ့ဆောင်၊ နေပြည်တော်နှင့် အခြားရုပ်ရှင်ရုံများတွင် စတင်ဝယ်ယူနိုင်ပြီး အကယ်ဒမီပေးပွဲ ကျင်းပမည့်နေ့ မနက် ၈ နာရီမှစ၍ သုဝဏ္ဏ အားကစားရုံ (၁) တွင် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွန်ကြားရေးမှူး ဦးသိန်းထွန်အောင်က ပြောကြားသည်။

အကယ်ဒမီဆုအတွက် ရွေးချယ်ထားသည့် ဆန်ခါတင် ရုပ်ရှင်ကား ခုနစ်ကားမှာ မော်ကင်းဥဒါန်း၊ အမုန်းမီးတောက်၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ၊ ဥ၊ မွေခံထိုက်သူဖြစ်ပါစေ၊ ကယန်းအလှနှင့် လက်ပံတို့ ဖြစ်သည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ