အဆိုတော် ကောင်းမြတ်၏ဖခင်ကား လူငယ်တစ်ဦး ဓားပြလုယက်မောင်းပြေး

အေးလှိုင်၊ ရန်ကုန်၊ ဒီဇင်ဘာ-၂၆

ဗဟန်းမြို့နယ် ပုလဲကွန်ဒိုနေ အဆိုတော်ကောင်းမြတ်၏ ဖခင်ကားကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ခွဲက လူငယ်တစ်ဦးကဓားပြ ခြိမ်းခြောက်ကာ လုယက် မောင်းပြေးခဲ့ရာ ရန်ကင်းစင်တာအနောက်ဘက် လမ်း၌ ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဗဟန်းမြို့နယ် ပုလဲကွန်ဒိုနေအဆိုတော် ကောင်းမြတ်၏ ဖခင်ဦးမြင့်သိန်းသည် ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲ၌ အပြင်သို့သွားရန် ၎င်းပိုင် နစ်ဆန်း အနက်ရောင် စီးဒရစ် အမျိုးအစားယာဉ်အမှတ် ၄ဃ-၄၁၅၅ ဖြင့် ပုလဲကွန်ဒိုမှ ကမ္ဘာအေးစေတီလမ်းပေါ်သို့ မောင်းထွက်လာစဉ် ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်နေ ဇော်ဆက်လွင် (၂၃) နှစ်က ကားအနီးရောက်လာပြီး လက်ထဲအသင့်ကိုင်ဆောင်လာသည့် ဓားဖြင့်ခြိမ်းခြောက်ကာ ဦးမြင့်သိန်း မောင်းနှင်လာသည့်ကားအား လုယက်မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

ကားမောင်းထွက်ပြေးသွားသူ ဇော်ဆက်လွင်အား ဗဟန်းမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သတင်းအရလိုက်ပြီးဖမ်းဆီးခဲ့ရာ ရန်ကင်းမြို့နယ် ရန်ကင်းစင်တာအနောက်ဘက်ရှိ အမှတ် (၂) စည်ပင်လမ်းရှိ
မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များအသင်းရုံးချုပ်ရှေ့၌ ပြန်လည်ဖမ်းဆီးထိန်း သိမ်းနိုင်ခဲ့သည်။

" ကားမောင်းလာတဲ့သူက ဆေးကြောင်ကြောင်နေတဲ့ပုံပဲ။ ကားကို ဒီလမ်းကြားထဲအထိ ရောက်အောင်ဘယ်လိုမောင်းလာတာလဲ တော့မသိဘူး။ သူမောင်းလာတဲ့ကားက အဆိုတော်ကောင်းမြတ်ရဲ့ အဖေကားလို့ ပြောတယ်။ အဲဒီအဆိုတော်လည်း ဒီအထိလိုက်လာတာ တွေ့တယ် " ဟုအဆိုပါလမ်းအတွင်းရှိ စားသောက်ဆိုင်မှ လူငယ်တစ်ဦးက ပြောဆိုသည်။

ကားမောင်းထွက်ပြေးသူ ဇော်ဆက်လွင်အား အဆိုတော်ကောင်းမြတ်၏ဖခင် ဦးမြင့်သိန်းက အရေးယူပေးရန်တရားလိုပြုလုပ်တိုင်ကြားခဲ့သဖြင့် ဗဟန်း မြို့နယ်ရဲစခန်းမှ (ပ) ၄၈၂ ပုဒ်မ-၃၈၆ ဖြင့် အမှုဖွင့်ထားပြီး အမှုစစ်ဒုရဲအုပ် ထွန်းမွှေးက စစ်ဆေးမေးမြန်းလျက်ရှိသည်။

" လုယက်တဲ့ယာဉ်မောင်းက ရန်ကင်းစင်တာနောက်ကျောဘက်မှာ ယာဉ်တိုက်မှုကျူးလွန်ခဲ့သေးတယ်။ အခု အဲဒီလူကို ဖမ်းပြီးစစ်ဆေးနေ တုန်းပဲရှိပါသေးတယ် " ဟု အမှုစစ် ဒုရဲအုပ်ထွန်းမွှေးက စံတော်ချိန်သို့
ပြောဆိုသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ