အချစ်ဇာတ်ကားတွေကို လျှော့ရိုက်ဖြစ်နေတဲ့ ဖွေးဖွေး

လတ်တလောမှာ ဖွေးဖွေးက ဒါရိုက် တာဝိုင်းရိုက်ကူးတဲ့ ‘တိမ်ယံထက် က နှင်းဆီဖြူ’ ဇာတ်ကားကို ပြေတီဦးနဲ့ အတူရိုက်ကူးနေပါတယ်။ ဒီဇာတ်ကား လေးက မိသားစု ဒရာမာဇာတ်လမ်း လေးဖြစ် ပြီး ဖွေးဖွေးက ပြေတီဦး ရဲ့ညီမနေရာကနေ သရုပ် ဆောင်ထားပါ တယ်။ နောက် ပိုင်းမှာဇာတ်ကားတွေကို စိစစ် ပြီးရိုက်ကူး ဖြစ်နေတဲ့ ဖွေးဖွေး က အချစ်ဇာတ်ကားတွေ လျှော့ရိုက်ဖြစ်နေကြောင်း ပြောပါတယ်။

“တခြားဇာတ်လမ်း ဆန်းဆန်းတွေ ဖွေးရိုက်ထား တယ်။ကိုယ့်ကိုယ်ကိုယ် တကယ် ကာရိုက်တာ ဝင်အောင်လို့လုပ် ပြီးတော့ Camp ဝင်တဲ့ပုံစံမျိုး၊ တကယ့် အက်ရှင် ကားပုံစံ မျိုးရိုက် ချင်တယ်။ အဲဒါကြောင့် အချစ် ကားတွေ ကို လျှော့ရိုက်ဖြစ်နေ တယ်” လို့ပြောပါတယ်။ပရိသတ်တွေ အားပေးတာနဲ့ ပဲ ကျေနပ်ကြောင်း၊ ပရိသတ်တွေ ပေး တဲ့အားနဲ့ပဲ ရှင်သန် ကြောင်းဖွေးဖွေး က ပြောပါတယ်။ “ဖွေး အနုပညာ အလုပ်စလုပ်တဲ့အချိန် က စပြီး အခုအချိန် အထိ အားပေးကြတဲ့ ပရိ သတ်တွေအတွက် ဖွေး တအားဝမ်းသာ ပါတယ်။ တအားလည်း ကျေနပ်မိပါ တယ်။ ဖွေးရဲ့အနုပညာ အလုပ်မှာ ပရိသတ် တွေပေးတဲ့အားနဲ့ပဲ ရှင်သန်နေ တာပါ။ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ လည်း ပီတိဖြစ်ရပါတယ်” လို့လည်း ပြောပါတယ်။

တွယ်တာ
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ