မန်စီနီကို နည်းပြသစ်အဖြစ် ဂါလာတာဆာရေး အတည်ပြုခန့်အပ်

တူရကီ ထိပ်တန်း ကလပ်အသင်းကြီးသည် ပြီးခဲ့သည့် သီတင်းပတ်က နည်းပြကြီး ဖာတစ်တာရင်မ်ကို ထုတ်ပယ်ပြီး မန်စီနီနှင့် အစားထိုးခဲ့ခြင်း ဖြစ်သည်

မန်ချက်စတာ စီးတီးအသင်း မန်နေဂျာဟောင်း ရောဘတ်တို မန်စီနီသည် ယခုအခါ ဂါလာတာဆာရေး အသင်း၏ နည်းပြအဖြစ် တရားဝင် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ တူရကီ ထိပ်တန်း ကလပ်အသင်းကြီးသည် ပြီးခဲ့သည့် သီတင်းပတ်က နည်းပြကြီး ဖာတစ်တာရင်မ်ကို ထုတ်ပယ်ပြီး မန်စီနီနှင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။ တာရင်မ်သည် ဂါလာတာဆာရေးကိုရော၊ တူရကီ လက်ရွေးစင် ဘောလုံးအသင်းကိုပါ ကိုင်တွယ် နည်းပြနေသူဖြစ်ပြီး ယခုအခါ လက်ရွေးစင် အသင်းအတွက်သာ အပြည့်အဝ အာရုံစိုက်တော့မည် ဖြစ်သည်။ တာရင်မ်ကို အသင်းက သက်တမ်းတိုး စာချုပ်တစ်ရပ် ကမ်းလှမ်းသော်လည်း ၎င်းက ငြင်းဆိုခဲ့သည့်နောက် ဘုတ်အဖွဲ့နှင့် အဆင်မပြေဖြစ်ကာ လမ်းခွဲခဲ့ခြင်းဟု သိရသည်။

အီတလီသား မန်စီနီသည် ဂါလာတာဆာရေးတွင် (၃)နှစ် စာချုပ်ပြီး တစ်နှစ်လုပ်ခ စတာလင်ပေါင် (၅)သန်းဝန်းကျင်မျှ ရရှိနိုင်ကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။ ၎င်းသည် ဂါလာတာဆာရေး နည်းပြရာထူး ပွဲဦးထွက်အဖြစ် ချန်ပီယံလိဂ်တွင် ဂျူဗင်းတပ်စ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ မန်စီးတီးတွင် ၎င်းနှင့် အခြေအတင် ဖြစ်ပြီးမှ ပြန်လည်သင့်မြတ်ဖူးသည့် တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်သည် ဂျူဗင်းတပ်စ်တွင် ပါဝင်ကစားနေရာ ဆရာတပည့်နှစ်ဦး ထိပ်တိုက် ပြန်တွေ့ခြင်းလည်း ဖြစ်သည်။ သတင်းများအရ မန်စီနီသည် ဂါလာတာဆာရေးနှင့် ချုပ်ဆိုသော စာချုပ်တွင် အီတလီ လက်ရွေးစင် အသင်းက နည်းပြရာထူးအတွက် ကမ်းလှမ်းလာလျှင် ထွက်ခွာခွင့်ပေးရန် သတ်မှတ်ချက်ကို ထည့်သွင်းပေးထားရန် တောင်းဆိုခဲ့ပြီး ယင်းဂို ဂါလာတာဆာရေးကလည်း လိုက်လျောခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ