ဇာတ်ကားပြန်ရိုက်တော့မယ့် မယ်လိုဒီ

“ထာဝရအလင်းတန်းများ” ရုပ်ရှင်ကားဖြင့် အကယ်ဒမီဆုရရှိခဲ့ပြီးနောက် ဇာတ်ကားများ မရိုက်ကူးလိုတော့ကြောင်း တရားဝင်ကြေညာခဲ့သော မယ်လိုဒီက ဇာတ်ကားများ ပြန်လည်ရိုက်ကူးတော့မည်ဖြစ်ကြောင်း သိရသည်။

““အဓိကပြန်ရိုက်ဖြစ်တာက ရီမြင့်ထုတ်လုပ်ရေးနဲ့  ဦးထွန်းအောင်ဇော်ကြောင့်ပါပဲ။ သူတို့အတွက် ပထမဆုံး လက်ခံရိုက်ကူးတာပေါ့။ အစ်မမျက်လုံးကလည်း တစ်ရက်လောက် ဓာတ်ပုံရိုက်ပြီးရင်တောင် တော်တော်ထိတယ်။ အဓိက Lighting ဒဏ်မခံနိုင်မှာကိုပဲ ကြောက်တာပေါ့။ ဦးထွန်းအောင်ဇော်ကိုပြောတော့ အဆင်ပြေအောင် သူတို့ရိုက်ပေးမယ်တဲ့။ တချို့ပရိသတ်တွေကလည်း ပြန်ရိုက်စေချင်တယ်။ အကြောင်းကြောင်းကလည်း တိုက်ဆိုင်လာတယ်။ ပြီးတော့ တခြားလူတွေလည်းမဟုတ်တော့ ကျေးဇူးဆပ်တဲ့သဘောပါပဲ””ဟု မယ်လိုဒီက ပြောသည်။

ဇာတ်ကားများ အများအပြား ရိုက်ကူးမည်မဟုတ်သောကြောင့် လက်ခံရိုက်ကူးမည့်ဇာတ်ကို သေချာစိစစ်ရိုက်ကူးလိုကြောင်း မယ်လိုဒီကပြောသည်။
““နောက်ထပ်လက်ခံထားတာတော့ မင်းသားအသစ်တွေလို့ ပြောလို့ရပါတယ်။ ကိုယ်ကိုယ်တိုင်က စူပါစတား မင်းသမီးတစ်ယောက်မဟုတ်တော့ အစ်မဘ၀မှာ မင်းသားအသစ်တွေနဲ့ အရင်ကတည်းက တွဲရိုက်နေကျလေ။ အသစ်တွေနဲ့ရိုက်ရင် အချိန်ပိုပေးရတယ်။ အစ်မကိုယ်တိုင်ကလည်း အသစ်ဘ၀ကနေ လာတာဆိုတော့လေ။ အစ်မဆရာတွေ တော်တော်များများကလည်း အသစ်နဲ့ရိုက်ဖို့ဆို အစ်မကိုသတိရကြတာဆိုတော့ အခုလက်ခံထားတာတွေက မင်းသားအသစ်တွေပါပဲ။ ဦးမော့စ်သားလေးနဲ့ပါ။ ရှင်းရှင်းပြောရရင် ထာဝရအလင်းတန်းအဖွဲ့ ပြန်ဆုံတဲ့သဘောပါပဲ””ဟု မယ်လိုဒီကပြောသည်။ယခုအချိန်ထိ ၎င်းလုပ်သမျှကို ချစ်စိတ်ဖြင့် အပြစ်မမြင်ဘဲ အားပေးနေသောပရိသတ်နှင့် ပြန်လည်ဆုံခွင့်ရသည့်အတွက် ၀မ်းသာမိကြောင်း မယ်လိုဒီကပြောကြားသည်။  ဇာတ်ကားကို ယခုလတွင်းတွင် စတင်ရိုက်ကူးမည်ဖြစ်ပြီး လက်ရှိတွင် တီဗီကြော်ငြာ၊ ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ဖြစ်နေကြောင်းသိရသည်။

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ