လင်မယားချင်းစကားများရန်ဖြစ်ရာမှ နေအိမ်အားမီးရှို့

ရန်ကုန်၊ စက်တင်ဘာ ၎

၃.၉.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် သန်လျင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်၊ အလယ်ရွာတွင် လူတစ်ဦးမှ နေအိမ်အားမီးရှို့ကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ၎င်းရွာနေ သူရအောင်(ဘ)ဦးဥာဏ်မြင့်သည် ရန်ကုန်မှ နေအိမ်သို့ပြန်ရောက်စဉ် ဇနီးဖြစ်သူမှာ နေအိမ်၌မရှိဘဲ အပြင်သွားနေ၍ ဇနီးဖြစ်သူ ပြန်လည် ရောက်ရှိလာသည့်အခါ လင်မယားချင်း စကားများ
ရန်ဖြစ်ကြရာမှ ၎င်းတို့၏နေအိမ် (၈)ပေပတ်လည် ဓနိမိုး၊ ဓနိကာ၊ ၀ါးကြမ်းခင်းတဲအား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၆၄၀ အချိန်မီးငြိမ်းသွားခဲ့ပြီး တန်ဘိုးငွေကျပ်(၁၀၀၀၀)ခန့်ဆုံးရှုံးခဲ့ ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် နေအိမ်အားမီးရှို့သူ သူရအောင်အား သန်လျင်မြို့မရဲစခန်း(ပ)၈၁၉/၂၀၁၃၊ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ