အိမ်ထောင်ရေးကို အဖတ်ဆည်ရန် မျှော်လင့်ဆဲဟု မိုက်ကယ်ဒေါက်ဂလက်စ်ဆို

အသက်(၆၈)နှစ်ရှိ မိုက်ကယ်က မိမိသည် ဇနီးသည်နှင့် ပြတ်ရှင်းမှုမျိုးကို မလိုလားကြောင်း ဝန်ခံခဲ့သည်။
မိမိ၏ အိမ်ထောင်ရေးကို အဖတ်ဆည်ရန် မျှော်လင့်နေဆြဲ...ဖစ်ကြောင်း မိုက်ကယ် ဒေါက်ဂလက်စ်က ဖွင့်ဟ ပြောကြားလိုက်သည်။ ဟောလီးဝုဒ်၏ ဝါရင့် မင်းသားကြီးသည် ဇနီးဖြစ်သူ ကက်သရင်း ဇီတာဂျုံးစ်နှင့် ခွဲခွာ နေထိုင်နေသူ ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် အခက်ခဲဆုံး ကာလများကို အတူတကွ ဖြတ်သန်းခဲ့သော်လည်း ပြီးခဲ့သည့် လပိုင်းက ခွဲခွာနေထိုင်ရန် စဉ်းစားနေပြီဟု အတည်ပြု ကြေညာခဲ့သည်။ တနင်္ဂနွေနေ့ညက အမ်မီဆုပေးပွဲ အခမ်းအနားတွင် မိုက်ကယ်က မိမိသည် ကက်သရင်းနှင့် ညှိနှိုင်းကာ သဘောထား ကွဲလွဲမှုများကို ဖြေရှင်းသွားနိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။ အသက်(၆၈)နှစ်ရှိ မိုက်ကယ်က မိမိသည် ဇနီးသည်နှင့် ပြတ်ရှင်းမှုမျိုးကို မလိုလားကြောင်း ဝန်ခံခဲ့သည်။
အမေရိကန် သတင်းထောက် ဘီလီဘုရှ်နှင့် တွေ့ဆုံမှုတွင် ၎င်းက "ကက်သရင်းဟာ တကယ့်ကို အံ့ဩစရာ အမျိုးသမီးပါ။ သူဟာ ခမ်းနားပြည့်စုံတဲ့ ဇနီးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူနဲ့ စကားပြောဖြစ်ပါတယ်။ သူ့ဆီက ချစ်စရာ မှတ်ချက် တချို့လည်း ရရှိခဲ့တယ်။ ကျွန်တော်ကတော့ ကွဲလွဲမှုတွေအတွက် ကျွန်တော်တို့နှစ်ယောက် အတူတူ အဖြေရှာနိုင်ဖို့ တကယ်ပဲ အလေးအနက် မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ချင်း ခဏတာ ခွဲခွာထားတယ် ဆိုတာက အမှန်ပါပဲ။ ဒီအတွက် အကြောင်းပြစရာ တချို့ရှိပါတယ်။ တစ်ခါတစ်လေတော့လည်း ဒီလို ဆုံးဖြတ်ချက်မျိုးက လိုအပ်တတ်တယ်လေ"ဟု ပြောကြားခဲ့သည်။

မိုက်ကယ်နှင့် ကက်သရင်းတို့တွင် အသက်(၁၃)နှစ်ရှိ ဒိုင်လန်နှင့် အသက်(၁၀)နှစ်အရွယ် ကာရီစ်ဆိုသည့် ကလေးနှစ်ဦးရှိသည်။ မိုက်ကယ်သည် အမ်မီဆုပေးပွဲတွင် မီနီစီးရီးသို့မဟုတ် ရုပ်ရှင်အတွက် Behind the Candelabra ဇာတ်ကားဖြင့် အကောင်းဆုံး မင်းသားဆုကို ရရှိခဲ့သည်။ ဆုလက်ခံယူပြီးနောက် မိုက်ကယ်က ပရိသတ်များကို အမှတ်တရ စကားဆိုခဲ့ရာ၌ "ကျွန်တော့်ကို ထောက်ပံ့ အားပေးခဲ့တဲ့ ကျွန်တော့်ဇနီး ကက်သရင်းကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော့် ကလေးနှစ်ယောက်ဖြစ်တဲ့ ဒိုင်လန်နဲ့ ကာရီစ်တို့ကိုရောပေါ့။ မကြာခင် ကျွန်တော်နဲ့ သူတို့ အတူဆုံဖြစ်မယ်လို့ ယုံကြည်ပါတယ်"ဟု ထည့်သွင်း ပြောကြားသွားသည်။ မိုက်ကယ်နှင့် ကက်သရင်းတို့သည် အိမ်ထောင်သက်တမ်း (၁၃)နှစ် အကြာတွင်မှ သီးခြားခွဲခွာ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ