အရက်သောက်ပြီးရေဆင်းကူးရာမှ ရေနစ်သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၄

၂၄.၉.၂၀၁၃ရက်နေ့ ၂၀၃၀အချိန်တွင် တွံတေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တွံတေးဆေးရုံတွင် ရေနစ်သေဆုံးသော အမျိုးသား(၁)ဦး၏အလောင်းရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မောင်ထက်ကိုကိုဦး၊(ဘ)ဦးသိန်းဦး၊ ဒုတိယနှစ်GTC ကျောင်းသား၊ တွံတေးမြို့နယ်နေသူသည် ၎င်း၏သူငယ်ချင်းများနှင့်အတူ အရက်သောက်ပြီး ၂၃.၉.၂၀၁၃ရက်နေ့ ၀၂၀၀အချိန်ခန့်တွင် မင်းပိုင်းရပ်ကွက်၊ မော်တော်လေးဆိပ်၊ တွံတေးတူးမြောင်းအတွင်း၌ ရေဆင်းကူးကြစဉ် မောင်ထက်ကိုကိုဦးမှာရေနစ်ပျောက်ဆုံးသွားသဖြင့် ၎င်း၏မိဘများထံ အကြောင်းကြား၍ ၀ိုင်းဝန်းရှာဖွေခဲ့ရာမှ ၂၄.၉.၂၀၁၃ရက်နေ့ ၁၆၃၀အချိန် ပျော်ဘွယ်လေးကျေးရွာထိပ် တွံတေးတူးမြောင်းအတွင်း၌ ထက်ကိုကိုဦး၏အလောင်းအား ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ ပြန်လည်တွေ့ရှိရသဖြင့် တွံတေးမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၁၃ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ