နီပေါ နိုင်ငံတွင် မြေပြင်အထက် ၁၅၅ ပေအမြင့်တွင် ထွင်းထုထားသော ဂူပေါင်း ထောင်ချီတွေ့ရှိ

နီပေါနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းရှိ Mustang အမည်ရှိသည့် ရှေးဟောင်းနယ်မြေ တစ်ခု အတွင်း၌ ဂူပေါင်း ၁၀,၀၀၀ ခန့်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

လူသားများ ပြုလုပ်ထားသည့် အဆို ပါဂူများသည် မြေပြင်မှ ၁၅၅ ပေအကွာတွင် တည်ရှိပြီး ကမ္ဘာ့ အကြီးမားဆုံး ရှေးဟောင်း သုတေသန ဆိုင်ရာ နက်နဲမှုများ အနက် တစ်ခု အပါအ၀င် ဖြစ်သည်။ ထောင်ချီနေသော ၎င်းဂူပေါက်ဝ များကို ယိုင်နဲ့နေသည့် သဲဆန်ဆန် အရောင် ရှိသော ကျောက်နံရံကြီး အထက်တွင် ထွင်းထုထားခြင်း ဖြစ်သည်။

အဆိုပါ အံ့သြဖွယ် ဂူများကို ချောက်ကမ်းပါး ယံတွင် ထွင်းထုထားခြင်း ဖြစ်ပြီး နှစ်ပေါင်း ထောင်ချီကျော် ကတည်းက ထွင်းထုခဲ့ဟန် ရှိသည်။ သို့သော် ၎င်းဂူများကို မည်သည့် ရည်ရွယ်ချက်ဖြင့် ထွင်းထုခဲ့သည် ကိုမူ မသိရှိ သေးပေ။ ထို့အပြင် လူများသည် ၎င်းဂူများ ပေါ်သို့ မည်သို့တွယ်တက် ခဲ့ကြသည် ကိုလည်း မသိရှိရပေ။

အဆိုပါ ဂူပုံများအား စွန့်စားလိုသူ ဓာတ်ပုံသမား တစ်ဦးဖြစ်သည့် ကိုရီရစ်ချက် ဆိုသူက တောင်တက်သမား ပီတီအေသင်၊ ရှေးဟောင်း သုတေသန ပညာရှင် မာ့စ်အယ်ဒန်ဒါဖာ၊ ရှေးဟောင်း အမွေအနှစ် တူးဖော်ရေး အဖွဲ့ တစ်ဖွဲ့တို့နှင့် ဆက်သွယ်ခဲ့ပြီး ဓာတ်ပုံ မှတ်တမ်းများ ရယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ