goal.com ၏အရှေ့တောင်အာရှအကောင်းဆုံးကစားသမားဆုအဓိပ္ပာယ် ကြည်လင်း မသိ

မြန်မာနိုင်ငံ ၏ အကောင်းဆုံး ဘောလုံးသမား ဖြစ်သော ကြည်လင်းသည် goal.com ၏ အရှေ့တောင်အာရှ အကောင်းဆုံး ကစားသမားများ အား မဲပေးရွေးချယ်နေသည့် ၁၀ ဦးစာရင်းတွင် ပါဝင်နေသော်လည်း ကာယကံရှင်မှာ အဆိုပါဆု၏အဓိပ္ပာယ်ကို သိထားခြင်း မရှိ ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက် ကစား သမား ကြည်လင်းသည်ါသေူ.ခသာ ၏ အရှေ့တောင်အာရှ အ ကောင်းဆုံးကစားသမား ၁၀ ဦး စာရင်းတွင် ဒေသတွင်း အကောင်း ဆုံး ကစားသမားများဟု ဆိုနိုင် သည့် ဗီယက်နမ်မှ လီကောင်ဗင်၊ ထိုင်းမှ ဒန်ဒါ၊ စင်ကာပူမှ အစ် ဟက်၊ ဖိလစ်ပိုင်မှ ယောင်းဟက်စ် ဘန်းတို့နှင့်အတူ ယှဉ်တွဲပါဝင်နေ ခြင်း ဖြစ်သည်။

အဆိုပါစာရင်းထဲမှာ နာ မည်ကြီးဖြစ်သူ ဖိလစ်ပိုင် ယူ-၂၃ တိုက်စစ်မှူး ယောင်းဟက်စ်ဘန်း က ချဲလ်ဆီးအကယ်ဒမီမှ ပေါ် ထွက်လာခဲ့သည့်အပြင် ၂၀၀၅- ၂၀၀၆ ရာသီတွင် အရန်အသင်း အတွက် ၁၈ ပွဲ ပါဝင်ကစားခဲ့သူ ဖြစ်ပြီး ၂၀၁၂ ခုနှစ်က စင်ကာပူ ဖလားပွဲစဉ်၌ မြန်မာနိုင်ငံမှ ကမ္ဘော ဇအသင်းအား ၃-၁ ဖြင့် နိုင်စဉ် က အဖွင့်ဂိုးကိုLoyola Meralco Sparks အတွက် သွင်းယူပေးခဲ့သူ ဖြစ်သည်။ ထို့အပြင် စင်ကာပူမှ အစ်ဟက်သည် ၂၀၁၂ Suzuki ပြိုင်ပွဲ၏တန်ဖိုးအရှိဆုံးကစားသ မားအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ရာ ကြည်လင်းအတွက် ပြိုင် ဘက်ကောင်းများနှင့် ယှဉ်ပြိုင် နေရခြင်း ဖြစ်သည်။

ယင်းစာရင်းထဲပါဝင်နေခြင်း နှင့်ပတ်သက်၍ ကြည်လင်းက '' Goal ဝက်ဘ်ဆိုက်က ပေးတဲ့ ဆုကိုရမယ်ဆိုရင် ဒါဟာ ကျွန် တော့် ကစားသမားဘဝ တစ် လျှောက်အတွက် သမိုင်းမှတ်တိုင် တခု ဖြစ်လာပါလိမ့်မယ်။ ဒီဆုရ ဖို့အတွက်မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ဒီဝက်ဘ်ဆိုက်က ပေးတဲ့ ဆုရဲ့ အဓိပ္ပာယ်ကို ကျွန်တော်မ သိတာ အမှန်ပါ''ဟု ပြောသည်။

ထို့အပြင် ကြည်လင်းက နေပြည်တော်အသင်းနှင့် ပွဲစဉ် တွင် ပြိုင်ဘက်ကစားသမား ခိုင် ထူးအား လိုက်လံထိုးခဲ့ခြင်းမှာ ယင်း ကစားသမားက မိမိအသင်းဖော် ရန်အောင်ကျော် မျက်နှာအား ခြေထောက်ဖြင့် ကန်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းကစားသမား က ရန်အောင်ကျော်အား မကန် မီအချိန်တွင် ၎င်းက ရန်မဖြစ်ရန် လိုက်လံထိန်းသိမ်း နေခဲ့ခြင်းဖြစ် ပြီး အဆိုပါကစားသမား၏ မ လုပ်သင့်သည့် အပြုအမူကြောင့် ဒေါသထွက်ပြီး လုပ်ခဲ့ခြင်းသာဖြစ် ကြောင်း၊ ဏမသ်နျငသညေူ ကစား သမားတစ်ဦးအတွက် ဒေါသထွက် ခြင်းနှင့် စိတ်မထိန်းနိုင်ခြင်းက လုံး ဝမဖြစ်သင့်သည့်အတွက် နောက် ပိုင်းတွင် ပိုမိုထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

မင်းသန့်၊ညီမိုဃ်း
ရန်ကုန်၊သြဂုတ်(၇)
ရန်ကုန်တိုင်းနေ့စဉ် သတင်းစာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ