ဒေးဗစ် လူးဝစ္စကို ခေါ်ယူရန် ဘာစီလိုနာအသင်း စတင် ကြိုးပမ်း

ရန်ကုန်၊ သြဂုတ် ၇

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ချယ်ဆီးလ် အသင်း၏ နောက်တန်း ခံစစ် ကစားသမား ဒေးဗစ် လူးဝစ္စကို ခေါ်ယူနိုင်ရန် စပိန် လာလီဂါ ချန်ပီယံ ဘာစီလိုနာအသင်း စတင် ကြိုးပမ်းလာကြောင်း Daily mail သတင်းစာ ၏ ဖော်ပြချက်အရ သိရသည်။

ချယ်ဆီးလ် အသင်း၏ နောက်တန်းခံစစ် ကစားသမား ဒေးဗစ်လူးဝစ္စ အပြောင်းအရွှေ့အတွက် ကစားသမား၏ အေးဂျင့် Giuliano Bertolucci နှင့် ဆွေးနွေးရန် ဘာစီလိုနာအသင်း အားကစား ဒါရိုက်တာ Raul Sanllehi သည် လန်ဒန်မြို့၌ ရောက်ရှိနေပြီး ချယ်ဆီးလ် အသင်းကမူ ယင်း ကစားသမားအတွက် ပေါင် သန်း ၄၀ ခန့် ရရှိလိုကြောင်း Daily Mail သတင်းစာက ဖော်ပြသည်။

ဘာစီလိုနာ အသင်းကမူ ဒေးဗစ် လူးဝစ္စ ကိုယ်တိုင်က အသင်းသို့ ပြောင်းရွှေ့ချင်နေသည်ဟု ယုံကြည်နေပြီး ချယ်ဆီးလ်အသင်း အမေရိက ခြေစမ်း ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာပါက ကစားသမား ကို ခေါ်ယူရန် အရှိန်မြှင့် ကြိုးပမ်းမည် ဖြစ်သည်။

ဒေးဗစ် လူးဝစ္စမှာ ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲတွင် မိခင်နိုင်ငံ ဘရာဇီး အသင်းအတွက် ပါဝင် ကစားခဲ့ပြီးနောက် ရာသီကြို ခြေစမ်း ခရီးစဉ်များ အတွက် ချယ်ဆီးလ်အသင်းသို့ ပြန်လည် ရောက်ရှိလာပြီး အင်တာမီလန် အသင်းနှင့် ခြေစမ်းပွဲတွင် မိနစ် ၃၀ ကြာ ပါဝင် ကစားခဲ့ရာ ယခုအခါတွင် တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရသည်။

ဒေးဗစ် လူးဝစ္စသည် ၂၀၁၁ ခုနှစ်တွင် ဘင်ဖီကာ အသင်းမှ နေ၍ ချယ်ဆီးလ် အသင်းသို့ ပေါင် ၂၁ သန်းဖြင့် ပြောင်းရွှေ့လာခြင်း ဖြစ်ပြီး ပြီးခဲ့သော စက်တင်ဘာလက ချယ်ဆီးလ် အသင်းနှင့် နောက်ထက် ငါးနှစ်ကြာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ