ကလေးတွေလည်း လူ့အခွင့်အရေးဆိုတာသိစေချင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကြီးတွင် Human Right For Kid ဆိုသည့် ကဏ္ဍတစ်ရပ်တို့ ထည့်သွင်းပြီး ကလေးငယ်များလူ့အခွင့်အရေးဆိုသည်ကို နားလည်
နိုင်ရေးအတွက်ရည်ရွယ် ပြသခဲ့ ခြင်းရှိခဲ့သည်။ ကလေးသူငယ် ဆိုင်ရာ အခွင့်အရေးနှင့်ပတ် သက်သည့် ရုပ်ရှင်ပြပွဲပရိုဂရမ် ကဏ္ဍတစ်ခုကို လူ့အခွင့်အရေး၊ လူ့ ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ကြီး၌ထည့်သွင်းခဲ့ရခြင်းနှင့် စပ် လျဉ်းပြီး ဒါရိုက်တာမင်းထင် ကိုကိုကြီးက " ပရိုဂရမ်ရေးဆွဲတဲ့ အခါမှာကလေးတွေအတွက်လည်း ချန်မထားခဲ့ဘူး။ ကလေးတွေလည်း
လူ့အခွင့်အရေးဆိုတာကို သိစေချင်တယ်။

ကျွန်တော်တို့တုန်းက အသက်အတော်ကြီးပြီး၁၉၈၈ အရေးအခင်းကျတော့မှသိတာ။ ဒါတောင်မှဒေါ်အောင်ဆန်း စုကြည်ပြောလိုက်တော့မှ လူ့အခွင့်အရေးဆိုတာကို နားနဲ့ ဆတ်ဆတ်ကြားဖူးတာလေ။ ဘာမှန်းတောင်မသိဘူး။ ၁၉၈၈ မတိုင်ခင်တုန်းက ဘယ်မှာမှ မကြားခဲ့ဖူးဘူး။

အခုနှစ်အစိတ် လောက်ကြာသွားပြီး အသက်
တွေလည်း ကြီးသွားပြီး ကျွန် တော်တို့အနေနဲ့ တာဝန်ရှိလာ တာဘာလဲဆိုတော့ ကလေးတွေ လည်း လူ့အခွင့်အရေးဆိုတာ ဘာလဲဆိုတာကို သိအောင် ဒီ အချိန်ကတည်းကလုပ်မှရ
တော့ မှာလေ။ အဲဒါမှလည်း တကယ့် ကိုလူ့အခွင့်အရေးကိုဒီမိုကရေ စီနည်းလမ်းကျကျနဲ့ ခံစားရတဲ့ တိုင်းပြည်ဖြစ်ဖို့ကိုဒီလို Institutionတွေဖန်တီးရမှာ လေ။

အဲဒီရည်ရွယ်ချက်နဲ့ ကလေးတွေကိုလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တာလေးတွေ ကိုပြတာပါ။ ဒီအတိုင်းလူကြီး တစ်ယောက်က ပြောတာထက် စာရင်ရုပ်ရှင်ကားတွေ ကြည့်ပြီး တော့လူ့အခွင့်အရေး ဆိုတာကို သိလာမယ်။ ခေါင်းထဲမှာဒါကို အမြင်အကြားလေးတွေနဲ့ ယဉ်ပါးလာမယ်။

ရုပ်ရှင်ပွဲတော်လုပ်ခဲ့တုန်းကလည်း ၂ရက်ကို ရုံအပြည့် တကူး တကကို Bus ကားတွေနဲ့ သွားခေါ်တယ်။ ဘုန်းကြီးကျောင်း ကကလေးတွေနဲ့တိုင်းရင်း သား တွေကိုခေါ်ပြီးတော့အဲဒါ လေးတွေကိုသေချာပြခဲ့တယ်။ နယ်မှာပြရင် အဲဒီလိုလုပ်ဖြစ် မှာမဟုတ်ပေမယ့်လည်း သေ ချာအောင် ကြိုတင်ကြေညာပြီး လာကြည့်ဖြစ်အောင် လုပ်မှာ ပါ။

လူ့အခွင့်အရေးဆိုတာကို ၁ဝ နှစ်သားလေးက လူ့အခွင့် အရေးဆိုတဲ့အကြောင်းကို ရုပ် ရှင်ရုံထဲမှာ လာကြည့်ပြီး လူ့ အခွင့်အရေးဆိုတဲ့ဟာကို စကား လုံးတစ်လုံးအနေနဲ့ရသွားရ သွား။ သူ့မိဘကြောင့်ပဲဖြစ် ဖြစ်၊ ဆရာကြောင့် ပဲဖြစ်ဖြစ်၊ ဆွေမျိုးတွေကြောင့်ပဲဖြစ်ဖြစ် လူ့အခွင့်ရေးကို ပိုပြီးသိရ မယ်ဆိုရင်ဒါမျိုးတွေကို လုပ် ရကျိုးနပ်ပါတယ်" လို့ ပြောပါ တယ်။

ထက်လူလူ

(ကလေးသူငယ်တို့အခွင့်အရေး အထူးပြုအချပ်ပိုသတင်းလွှာ) မှ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ