ချစ်သူလမ်းခွဲပြီး ခွေးပိုင်ဆိုင်ခွင့်ပါ ဆုံးရှုံးခဲ့သည့် ခရစ္စတန် စတီးဝပ်

ချစ်သူလမ်းခွဲပြီး ခွေးပိုင်ဆိုင်ခွင့်ပါ ဆုံးရှုံးခဲ့သည့် ခရစ္စတန် စတီးဝပ် Twilight ဇာတ်ကားများတွင် အတူတွဲဖက် သရုပ်ဆောင်ခဲ့သည့် ချစ်သူဟောင်း ရောဘတ် ပက်တင်ဆန်နှင့် လမ်းခွဲခဲ့ပြီးနောက် နှစ်ဦးအတူ မွေးထားသည့် ခွေးလေးအတွက် အုပ်ထိန်းခွင့်ကိုပါ ခရစ္စတန် အနေဖြင့် လက်လွတ် ခံလိုက်ရသည်

ခရစ္စတန် စတီးဝပ်တစ်ယောက် အချစ်တော် ခွေးကလေးအတွက် ပိုင်ဆိုင်ခွင့် ဆုံးရှုံးပြီးနောက် အခြားခွေးလေး တစ်ကောင်နှင့် အစားထိုးထားပြီ ဖြစ်သည်။ Twilight ဇာတ်ကားများတွင် အတူတွဲဖက် သရုပ်ဆောင်ခဲ့သည့် ချစ်သူဟောင်း ရောဘတ် ပက်တင်ဆန်နှင့် လမ်းခွဲခဲ့ပြီးနောက် နှစ်ဦးအတူ မွေးထားသည့် ခွေးလေးအတွက် အုပ်ထိန်းခွင့်ကိုပါ ခရစ္စတန် အနေဖြင့် လက်လွတ် ခံလိုက်ရသည်။ ယခုသီတင်းပတ်အတွင်း အသက်(၂၃)နှစ်ရှိ မင်းသမီးသည် ကယ်လီဖိုးနီးယားတွင် အနက်ရောင် ခွေးလေး တစ်ကောင်နှင့် လက်ပွန်းတတီး ဆော့ကစားနေသည်ကို တွေ့ရှိရသည့်နောက် သူမ၏ အချစ်တော် အိမ်မွေး တိရစ္ဆာန်လေး နေရာအတွက် အစားထိုးမှု အောင်မြင်သွားပြီဟု သတင်းများက ဖော်ပြခဲ့သည်။ ခရစ္စတန်သည် သူမဝတ်ဆင်နေကျအတိုင်း ပေါ့ပေါ့ပါးပါး ဒီဇိုင်းမျိုးကိုသာ ရွေးချယ်ပြီး ချည်ထပ်ရှပ် ခပ်ပါးပါးကို ဘောင်းဘီတိုနှင့် တွဲဖက်ထားသည်။ မိတ်ကပ် လိမ်းခြယ်မထားသော မင်းသမီးသည် အရွယ်ကြီးကြီး စာကြည့်မျက်မှန် တစ်လက်ကိုလည်း တပ်ထားသေးသည်။

လည်ပတ် အပြာရောင်နှင့် ခွေးကလေးကို နေရာတကာ ခေါ်ယူသွားရခြင်းအပေါ် ခရစ္စတန်က ပျော်ရွှင်နေဟန် ရှိသည်။ သူမသည် ကားတစ်စင်းပေါ်တွင် ခွေးလေးကို ဂရုတစိုက် နေရာထိုင်ခင်း စီစဉ်ပေးပြီး စားသောက်ဆိုင် တစ်ခုသို့ ဦးတည်သွားကာ သူငယ်ချင်း တစ်ဦးဦးကို စောင့်မျှော်နေဟန် တွေ့ရသည်။ ခရစ္စတန်သည် လတ်တလောတွင် Camp X-Ray ဇာတ်ကားကို ရိုက်ကူးနေပြီး ယင်းမှ ခေတ္တ အနားယူနေခြင်း ဖြစ်သည်။ အဆိုပါ ဇာတ်ကားသည် ဂူယန်တာနာမို အကျဉ်းထောင်တွင် တာဝန်ကျသည့် စစ်သမီးတစ်ဦးနှင့် အကျဉ်းသားများအနက်မှ တစ်ဦးတို့ကြား ဆက်ဆံရေးကို ပုံဖော်စိတ်ကူး ဖန်တီးထားခြင်း ဖြစ်သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ