ကျိုက်ထိုကားဖောက်ထွင်းသူခိုး ပဲခူးရဲကဖမ်းလိုက်ပြီ

ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်း၏ ညွှန်ကြားချက်အရ မှုခင်းကျဆင်းရေးအ
တွက် ပဲခူးမြို့၊အမှတ်(၃)စခန်းမှ စခန်းမှူး ရဲအုပ်ဇော်လင်း၊နယ်ထိန်းခေါင်း
ဆောင် ဒုရဲအုပ်လင်းအောင်နှင့်အဖွဲ့သည် စခန်းပိုင်နယ်မြေအတွင်း လှည့်
ကင်းများဆောင်ရွက်နေစဉ် (၂၆.၈.၂၀၁၃)နေ့ ည(၁၀း၃၀)အချိန်ခန့်က
ပဲခူးဘူတာဂုံး ထိပ်တွင်မသင်္ကာဖွယ်ရာလူတစ်ဦးအားတွေ့ရှိ၍
စစ်ဆေးမေးမြန်းရာ မွန်ပြည်နယ်၊ကျိုက်ထိုမြို့၊တောင်သူစုရပ်ကွက်၊ဘူတာ
ဝန်းနေ လှဝင်း(ခ)ရခိုင်(ခ)ရဲရင့်၊အသက်(၃၁)နှစ်၊(ဘ)ဦးမောင်အေး
ဆိုသူဖြစ်ပြီး၎င်း၌ပါလာသောအမဲရောင်သရေအိတ်အတွင်းမှရွေထည်ပစ္စည်း(၁၉)မျိုး
၊ရွှေအလေးချိန်ကျပ်သား(၁၆)ကျပ်သားကျော် ကာလတန်ဖိုးငွေ သိန်း(၁၀၀)ခန့်အား
တွေ့ရှိ၍စစ်ဆေးရာ လှဝင်းမှခိုးလာကြောင်း ၀န်ခံခဲ့သည်။

အမှုဖြစ်စဉ်မှာ တရားခံ လှဝင်းသည်မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ကျိုက်ပိကျေးရွာနေ ဦးအောင်ကြိုင်
နေအိမ်မှ (၂၁.၈.၂၀၁၃)နေ့ ည(၁း၃၀)အချိန်ခန့်က အိမ်ရှင်များအိပ်
နေခိုက် အိမ်အတွင်းသို့ဝင်၍ အိပ်ခန်းထဲရှိဗီရိုအားဖွင့်ပြီး ခိုးယူခဲ့ကြောင်း
သိရသည်။ထိုအမှုအားအမှတ်(၃)ရဲစခန်းမှ သက်ဆိုင်ရာရဲစခန်းသို့ အမြန်လွှဲပြောင်း
ပေးအပ်ရန်စီစဉ်လျှက်ရှိကြောင်းသိရှိရသည်။

Ko Thant Zin

by Myanmar News Now

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ