ဟယ်လ်မီတန်နှင့် ရှာဇင်ဂါတို့စုံတွဲ လမ်းခွဲပြီဟု သတင်းထွက်ပေါ်


လူးဝစ် ဟယ်လ်မီတန်နှင့် နစ်ကိုးလ် ရှာဇင်ဂါတို့ စုံတွဲသည် ယခုအခါ လမ်းခွဲခဲ့ပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ #Pussycat #Doll အဖွဲ့မှ အဆိုတော် ရှာဇင်ဂါကို လက်ထပ်ရန်အတွက် မိမိက ခွင့်ပန်သွားမည်ဟု ဗြိတိသျှ ဖော်မြူလာဝမ်း ကားမောင်းသမား ဟယ်လ်မီတန်က မကြာသေး
မီကမှ ပြောကြားခဲ့သေးသည်။

သို့သော်လည်း ယခုအခါတွင်မူ ၎င်းတို့ စုံတွဲသည် သူစိမ်းများအဖြစ် ပြန်လည် ရပ်တည်နေပြီဟု The Sun ဖော်ပြခဲ့သည်။ ယခင်ကလည်း ဟယ်လ်မီတန်နှင့်
ရှာဇင်ဂါတို့ကြား အကွဲအပြဲ ဇာတ်လမ်းများ ဖြစ်ပေါ်ခဲ့ဖူးသော်လည်း နောက်
ပိုင်းတွင် နှစ်ဦးသား ပြန်လည် သင့်မြတ်ကာ ဆက်လက် လက်တွဲနေခြင်း
ဖြစ်သည်။

Mercedesအသင်း၏ အသက်(၂၈)နှစ်အရွယ် ကားမောင်းသမားသည် ၎င်းထက် အသက်(၇)နှစ် ပိုကြီးသည့် ရှာဇင်ဂါနှင့် (၅)နှစ်ကြာ ကာလအတွင်း
ပြတ်လိုက်၊ ဆက်လိုက်ဖြင့် မတည်မငြိမ် ဖြတ်သန်းခဲ့သည်။ နီးစပ်သူများက "သူတို့ရဲ့ ဆက်ဆံရေးကို ဆက်ထိန်းသိမ်းဖို့က ခက်ခဲသွားပါပြီ။ သူတို့ချင်း အတူတူ ရှိနေဖို့ကလည်း အရမ်းကို ခက်ခဲလေ့ရှိတယ်လေ။ ဘာပဲဖြစ်ဖြစ် သူတို့ချင်း ကိုယ့်ရဲ့ အလုပ်အကိုင်မှာ ဆက်လက် အောင်မြင်ဖို့တော့ အပြန်အလှန် ထောက်ခံ အားပေးနေမှာပါ။ သူတို့ရဲ့ အလုပ် သဘာဝကိုက အချစ်ရေးအတွက် ထိခိုက်ပေးဆပ်ရမယ့် အခြေအနေ ဖြစ်သွားရတယ်"ဟု
ပြောကြားခဲ့သည်။

ဟယ်လ်မီတန်သည် မကြာသေးခင်ကမှ မိမိသည် #X #Factor အစီအစဉ် ဒိုင်လူကြီးဖြစ်သူ ရှာဇင်ဂါကို လက်ထပ်ရန် ခွင့်ပန်သွားမည်ဟု လူသိရှင်ကြား
ပြောဆိုခဲ့သေးသည်။ ၎င်းတို့ နှစ်ဦးသည် (၂၀၀၇)ခုနှစ် #MTV ဆုပေးပွဲတွင် စတင်သိကျွမ်းပြီး ချစ်သူများ ဖြစ်လာခဲ့ကြသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ