ဇေယျာရွှေမြေကို အရေးနိမ့်ပြီး မကွေးအသင်း ၁၅ ပွဲဆက် ရှုံးပွဲမရှိ စံချိန် ကျိုးပျက်


မြန်မာနေရှင်နယ်လိဂ် MNL Myanmar 2013 ပြိုင်ပွဲ ၁၆ ပတ်မြောက် ပွဲစဉ်များကို ဇွန် ၂၉ နှင့် ၃၀ ရက်နေ့များက ကျင်းပ ပြီးစီးခဲ့ရာ မကွေးအသင်း သည် ဇေယျာရွှေမြေကို (၀-၁)ဂိုးဖြင့် အရေးနိမ့်ပြီး ၁၅ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန် ရပ်တန့်သွားခဲ့သည်။ အဆိုပါ ပွဲစဉ်ကို ယမန်နေ့ ညနေ (၄း၀၀)နာရီက သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဂိုးကံခေမှု များကြောင့် မကွေးအက်ဖ်စီ ယခုနှစ် ရာသီ ပထမဆုံး ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ မကွေးအသင်းတွင် အားထားရသည့် ကွင်းလယ်လူ အီဗန် ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိသလို ဇေယျာရွှေမြေ အသင်းတွင်လည်း တိုက်စစ်မှူး ဆာဆာ နှင့်နောက်ခံလူ အောင်ဟိန်ကျော်တို့ ဒဏ်ရာ ပြဿနာများကြောင့် ပါဝင် ကစားခြင်း မရှိခဲ့ပေ။

မကွေးအက်ဖ်စီ အသင်းသည် ပထမပိုင်း ကစားချိန်အတွင်း အပိုင်ဂိုးသွင်းခွင့် ၃ ကြိမ်ရရှိခဲ့ရာ ဇေယျာရွှေမြေ ဂိုးသမား မျိုးမင်းလတ် လက်စွမ်းပြ ကာကွယ် သွားနိုင်ခဲ့သည်။ ထို့အပြင် ပွဲချိန် ၄၀ မိနစ်၌ တန်ပြန် တိုက်စစ်မှ ဂိုးဝင် သွားခဲ့သော်လည်း လူကျွံဘော ဖြစ်နေသဖြင့် နစ်နာသွားခဲ့ ရသည်။ ဇေယျာရွှေမြေ အသင်းမှာ ဒုတိယပိုင်းတွင် နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်ပြီးနောက် ကစားပုံ ပိုကောင်းလာခဲ့သည်။ ဇေယျာရွှေမြေ အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၇၅ မိနစ်တွင် မာတင်က ပြိုင်ဘက် နောက်ခံလူ နှစ်ယောက်ကို ဖြတ်ကျော်ကာ အပြင်းကန်သွင်း ယူခဲ့ခြင်း ဖြစ်သည်။ မကွေးအသင်း ပွဲပြီးသည်အထိ ချေပဂိုးရရန် အကြိမ်ကြိမ် ကြိုးပမ်းမှုကို ထိုနေ့ပွဲစဉ်၏ အကောင်းဆုံး ကစားသမားဟု သတ်မှတ်ရမည့် ဇေယျာရွှေမြေ ဂိုးသမား မျိုးမင်းလတ် ကာကွယ်သွားသဖြင့် မကွေးအသင်း ရှုံးပွဲနှင့် ပထမဆုံး ရင်ဆိုင်ခဲ့ရသည်။

တစ်ချိန်တည်း ယှဉ်ပြိုင်ကစားသည့် မန္တလေးမြို့ ဗထူးကွင်း ပွဲစဉ်တွင် အိမ်ရှင် ရတနာပုံ အသင်းက ဧရာဝတီ ယူနိုက်တက်ကို ပွဲချိန် ၂၁ မိနစ်တွင် သွင်းယူသော အောင်မြင့်အေး၏ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ နေပြည်တော်ကွင်း ပွဲစဉ်တွင်မူ ဇွဲကပင် ယူနိုက်တက် ခြေစွမ်းပြသွားပြီး ဂျပန် ကွင်းလယ်လူ ကင် ပွဲချိန် မိနစ် ၂၀ တွင် သွင်းယူသော ဂိုးဖြင့် ဦးဆောင်ထားနိုင် ခဲ့သည်။  နေပြည်တော် အသင်းမှာ အနိုင် ရရှိခဲ့ပါက အမှတ် ပေးဇယား ဒုတိယ နေရာသို့ ပြန်လည် ရောက်ရှိနိုင်မည် ဖြစ်သော်လည်း ပွဲချိန် ၈၀ မိနစ်တွင် မာဒန်ဂူ သွင်းယူသော ချေပဂိုး တစ်ဂိုးသာ ရရှိခဲ့ပြီး သရေ တစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဇွန်လ ၂၉ ရက်နေ့ ပွဲစဉ်များတွင် ကမ္ဘောဇနှင့် ရန်ကုန်တို့ (၁-၁)ဂိုး သရေကျခဲ့ပြီး အမှတ်ပေး ဇယား ထိပ်ဆုံးနေရာ ပြောင်းလဲခြင်း မရှိပေ။ သရေ တစ်မှတ်ကြောင့် ရန်ကုန်ယူနိုက်တက် အသင်းမှာ ရမှတ် (၃၃)မှတ်ဖြင့် ပထမ နေရာကို ဦးဆောင်နေဆဲ ဖြစ်ပြီး ကမ္ဘောဇက ရမှတ်(၃၀)ဖြင့် ဒုတိယ၊ ဇေယျာရွှေမြေက ရမှတ် (၃၀)ပင်ဖြစ်သော်လည်း ဂိုး ကွာခြားချက်ကြောင့် တတိယနှင့် နေပြည်တော်က ရမှတ် ၂၉ မှတ်ဖြင့် စတုတ္ထနေရာ အသီးသီး ရပ်တည်နေကြကာ ချန်ပီယံ ဆုအတွက် အပြိုင် ဖြစ်နေကြသည်။ အမှတ်ပေး ဇယားအောက်ခြေ တန်းဆင်းဇုန် တိုက်ပွဲများတွင်မူ ဟံသာဝတီနှင့် ရခိုင်ယူနိုက်တက် (၁-၁)ဂိုး သရေတစ်မှတ် ခွဲယူသွားခဲ့ ကြသော်လည်း ဟံသာဝတီက အဆင့်(၁၀)နေရာ သို့ ရောက်ရှိသွားခဲ့သည်။ ပွဲစဉ် ၁၅ အပြီးထိ အဆင့်(၁၀)နေရာတွင် ရှိနေသော ဆောက်သမ်းမြန်မာ အသင်းမှာမူ မနောမြေအား (၀-၃)ဂိုးဖြင့် အရေးနိမ့်သွား၍ တန်းဆင်းဇုန် နေရာဖြစ်သည့် အဆင့်(၁၁) နေရာသို့ ရောက်ရှိသွားခဲ့သည်။


MNL Week 16 Results

ဟံသာဝတီ (၁ - ၁) ရခိုင်ယူနိုက်တက်
ရခိုင်- ချစ်မင်းစိုး ၈ မိနစ်(ပင်နယ်တီ)၊ ဟံသာဝတီ- အောင်မင်းညွှန့် ၅၃မိနစ်

ဆောက်သမ်းမြန်မာ (၀-၃) မနောမြေ
မနောမြေ- အဆာလေ ၁၂၊ ၁၇၊ ၄၅ မိနစ်

ကမ္ဘောဇ (၁-၁) ရန်ကုန်ယူနိုက်တက်
ကမ္ဘောဇ - နူနက် ၇၄ မိနစ်
ရန်ကုန်- ဆီဇာ ၃ မိနစ်

မကွေး (၀-၁) ဇေယျာရွှေမြေ
ဇေယျာ - မာတင် ၇၅ မိနစ်

ရတနာပုံ (၁-၀) ဧရာဝတီ
ရတနာပုံ - အောင်မြင့်အေး ၂၁ မိနစ်

နေပြည်တော် (၁-၁) ဇွဲကပင်
နေပြည်တော် - မာဒန်ဂူ ၈၀ မိနစ်
ဇွဲကပင် - ကင် ၂၀ မိနစ်

Written by Okocha  - Myanmar Football Federation

MNL Myanmar 2013 - Week 16 Standing Table

os Team Pds W D L GF GA GD Pts
1 Yangon Utd 16 10 3 3 32 15 17 33
2 Kan Baw Za 16 8 6 2 28 13 15 30
3 Zeyar Shwe Myay 16 8 6 2 24 16 8 30
4 Nay Pyi Taw FC 16 8 5 3 26 19 7 29
5 Magwe FC 16 5 10 1 23 17 6 25
6 Yadanarbon FC 16 5 7 4 21 14 7 22
7 Ayeyarwady United 16 5 7 4 27 24 3 22
8 Zwekapin Utd 16 4 7 5 14 17 -3 19
9 Manaw Myay FC 16 3 7 6 19 24 -5 16
10 Hantharwady United 16 2 5 9 14 28 -14 11
11 Southern Myanmar 16 3 2 11 8 27 -19 11
12 Rakhine United 16 0 5 11 14 36 -22 5

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ