မြနှင်းရည်လွင် - ဆယ်ကျော်သက်တုန်းက စိတ်ရောဂါကု ဆရာဝန်တစ်ယောက် ဖြစ်ချင်ခဲ့တယ်


လူတိုင်းလူတိုင်းမှာ ဆယ် ကျော်သက်ဘ၀က ဖြစ်ချင်ခဲ့တဲ့စိတ် ကူးတွေ၊ မျှော်လင့်ချက်တွေရှိခဲ့ ကြမယ်ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာရှိသလို၊ တချို့လည်း စိတ် ကူးနဲ့ထပ်တူမကျတဲ့ လက်တွေ့ ဘ၀ကို ရောက်နေကြရတာ တွေရှိ ပါတယ်။ ဆယ်ကျော်သက် အရွယ် တုန်းက ဖြစ်ချင်ခဲ့တာဘယ် လို.. ဆိုပြီး ပရိသတ်စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ဆယ်ကျော် သက်ဘ၀ကစိတ်ကူးတွေအကြောင်း ကို တင်ဆက်ပေးလိုက်ပါတယ်။

မေမေ့လိုဖြစ်ချင်ခဲ့တာ

ဟိုးငယ်ငယ်လေးတုန်းက မေမေ့ကို ကြည့်ပြီး၊ အားကျပြီး ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့ တယ်။ ဆရာဝန်တောင်မှ စိတ် ရောဂါကုဆရာဝန်ပေါ့။ လူတွေရဲ့ အကြောင်းကို လေ့လာချင်တယ်။ သူတို့စိတ်ထဲမှာ ဘာတွေရှိလဲ။ ဘယ်လိုခံစားနေရလဲသိချင်တယ်။ သူတို့ခံစားနေရတဲ့ ရောဂါဝေဒနာ တွေကိုပျောက်အောင်ကုသပေးချင် တယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါကျ တော့အနုပညာဘက်ကို ရောက် လာခဲ့တယ်။

မိဘဆိုတာ ဥယျာဉ်မှူး

မိဘဆိုတာကတော့ ကိုယ့် သားသမီးကို လမ်းမှားမလိုက်ဘဲ လမ်းကြောင်းမှန် အပေါ်မှာတည့် တည့်မတ်မတ်လျှောက်နိုင်အောင် ဘေးကနေ ပြောဆိုဆုံးမတတ်သူပါ။ ကိုယ်က ပန်းကလေးဆိုရင် မိဘက ဥယျာဉ်မှူး၊ ကိုယ်က အိုးလေးတစ် လုံးဆိုရင် မိဘက အိုးဖုတ်သူပေါ့။ ဒါပေမဲ့ အဲဒီလိုမျိုး မိဘက ကိုယ့် ကို အဖိုးတန်အောင် ပြုစုပျိုးထောင် ပေးတဲ့နေရာမှာ တစ်ခါတလေ ဖြစ် စေချင်တဲ့စိတ် အားကြီးလွန်းလို့ ကရုဏာ ဒေါသထွက်တာမျိုးတွေ ရှိတယ်။ အဲဒီအခါ မိဘနဲ့သားသမီး နားလည်မှုတွေ လွဲကြတယ်။ ဘယ် လိုပဲဖြစ်ဖြစ်ပါ မိဘနဲ့သားသမီးဆို တာ ဘယ်တော့မှ ဖြတ်လို့မရတဲ့ရေ လိုပါပဲ။

လူငယ်ဆိုတော့ လွတ်လပ်မှု ကို ခုံမင်တယ်

သားသမီးတွေကလည်း အ တတ်နိုင်ဆုံး မိဘရဲ့စကားကို နား ထောင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေ မဲ့ လူငယ်ဆိုတော့ လွတ်လပ်မှုကို ခုံမင်တာပေါ့နော်။ တစ်ခါတလေ သူငယ်ချင်းတွေ ညဘက်ထွက်လည် ဖို့ လာခေါ်ပေမယ့် မိဘကစိတ်မချ လို့ မလွှတ်တဲ့အခါမျိုး၊ လုပ်ချင်တာ တွေ လုပ်ခွင့်မရတဲ့အချိန်မျိုးမှာ ဘာ ပဲလုပ်လုပ် လိုက်ပြီးထိန်းချုပ်နေ တယ်ဆိုတာမျိုး အထင်မှားတတ်ကြ တယ်။ မိဘနဲ့သားသမီးဆိုတာလည်း လျှာနဲ့သွားလိုပါပဲ။ တစ်ခါတလေ အခန့်မသင့်ရင် ကိုက်မိတဲ့သဘော ပေါ့။ ဒါပေမဲ့ တစ်ဦးနဲ့တစ်ဦး နား လည်မှုသာရှိမယ်ဆိုရင် ပျော်ရွှင် စရာကောင်းတဲ့ မိသားစုဖြစ်မှာပါ။ ဒါပေမဲ့ ဒီခေတ်မှာ အရမ်းကြီးထိန်း ချုပ်တာမျိုး မရှိတော့ပါဘူး။ အချင်း ချင်း သူငယ်ချင်းလိုပဲ နားလည်မှု ထားတာများပါတယ်။

ကျောင်းလစ်ပြီး ရုပ်ရှင် ကြည့်ခဲ့တယ်

ဆယ်ကျော်သက်အရွယ်ဆို တာ စူးစမ်းလေ့လာချင်တဲ့အရွယ်မို့ ကိုယ်လုပ်ချင်တာကို ဖြစ်အောင် လုပ်ကြည့်ချင်တဲ့ စိတ်တွေရှိတယ်။ ငှက်လေးတစ်ကောက် အပျံသင်ခါ စအရွယ်မှာ ဟိုဟိုဒီဒီလျှောက်ပျံချင် တဲ့သဘောပေါ့။ မြနှင်းတို့ သူငယ် ချင်းတွေလည်း ကျောင်းဆိုပြီး ကျောင်းလစ်တာမျိုး၊ ရုပ်ရှင်သွား ကြည့်တာမျိုးလုပ်ခဲ့ဖူးပါတယ်။

မခိုင်ခံ့တဲ့ အိမ်ကအချိန် မရွေး ပြိုလဲနိုင်တယ်

လူတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ကိုယ်စီရှိကြတယ်။ အဲဒီ အိပ်မက်ကို အကောင်အထည်ဖော် တဲ့နေရာမှာ အချိန်တွေအများကြီး ပေးဆပ်ဖို့တော့ လိုလိမ့်မယ်။ မြန် မြန်ဆန်ဆန် ဆောက်လိုက်တဲ့ အိမ် လေးတစ်လုံးက မခိုင်ခံ့သလို အချိန် မရွေးပြန်ပြိုလဲသွားနိုင်တယ်။ အဲဒါ ကြောင့် သေချာအုတ်မြစ်ချပြီး တစ် လွှာချင်းစီဆောက်သင့်တယ်လို့ မြ နှင်း အကြံပေးချင်ပါတယ်။

8 DAYS A WEEK ENTERTAINMENT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ