ပရိတ်သတ်အတွက် မကောင်းဘူးလို့ထင်တဲ့ မကောင်းဘူးလို့ ထင် တဲ့ အရာတွေကို အမြဲရှောင်ကျဉ် သွားမယ် (ဝင့်ယမှုံလှိုင်)


မေး - အနုပညာလောကထဲ ဝင်ရောက်ဖြစ်ခဲ့တဲ့အကြောင်းအရင်းကနေစပြီး ပြောပြပေးပါလား။

ဖြေ - ၂၀၁၂ Miss Queen Mart ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်းကနေ ဆုရပြီးတော့ အခုလို အနုပညာလောကထဲကို ရောက်ရှိလာခဲ့တာပါ။

မေး - အဲဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တဲ့အကြောင်းကိုလည်း နည်းနည်းလောက်ပြောပြပေးပါလား။

ဖြေ - ၂၀၁၂ Miss Queen Mart ဆိုတဲ့မော်ဒယ်ပြိုင်ပွဲက နှစ်တိုင်းလိုလို လုပ်တယ်လေ။ အဲဒီမှာ သမီးကို နင်ဝါသနာပါရင် ဝင်ပြိုင်ပါလားဆိုတော့ ညီမ လည်း အနုပညာနဲ့ပတ်သက်လာရင် ပိုးက မသေးဘူး။ အဲဒါနဲ့ ဝင်ပြိုင်ဖြစ်တာ။ ဆုရရှိခဲ့တာပေါ့နော်။ အဲဒီကနေတစ်ဆင့် မော်ဒယ်ပြိုင်ပွဲကြီးလေးခု လောက် ဝင်ပြိုင်ဖြစ်ခဲ့တယ်။

မေး - သရုပ်ဆောင်တစ်ယောက်ဖြစ်လာပြီဆိုတော့ ရိုက်ကွင်းတွေမှာ ဇာတ်ကားရိုက်တဲ့အခါ ဘယ်လိုအတွေ့အကြုံတွေရလဲ။ ဘယ်သူတွေကရော သင်ပြပေးသေးလဲ။

ဖြေ - အတွေ့အကြုံကတော့ အများကြီးရတယ်။ ညီမအတွက်ကတော့ ရှေ့ဆက်ရိုက်မယ့်ဇာတ်ကားတွေအတွက်တော့ အခုရရှိတဲ့ အတွေ့အကြုံက တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေပါ။ ရိုက်ကွင်းထဲမှာဆိုရင် သင်ပြပေးတယ်။ ညီမကလည်း လိုက်မှတ်တယ်။ လေ့ကျင့်တယ်။ ဒါရိုက်တာတွေကလည်း အမြဲတမ်း ညီမသရုပ်ဆောင်တဲ့အခါမှာ သူတို့က အိုက်တင်ပိုင်းမှာလိုရင် ဘယ်နေရာလေးကတော့ နည်းနည်းလိုနေတယ်၊ အိုက်တင်များနေတယ်၊ ပြန်လျှော့ဆိုတာမျိုးတွေ သင်ပေးတယ်။ ဒါရိုက်တာတင် မဟုတ်ပါဘူး။ ညီမနဲ့တွဲရိုက်တဲ့ ကိုယ့်ထက်စီနီယာတွေကလည်း သင်ပြပေးပါတယ်။

မေး - ကိုယ်နဲ့မလိုက်ဘူးလို့ထင်တဲ့ဇာတ်ကားမျိုးတွေကို ရိုက်ဖြစ်မှာလား။

ဖြေ - အဓိကကတော့ ဇာတ်လမ်းကိုရွေးပြီးတော့ ရိုက်ဖြစ်တယ်။ တခိျု့ဟာတွေဆိုရင် တကယ်ကိုရိုက်လို့မဖြစ်တဲ့ဟာတွေ ညီမနဲ့မလိုက်တဲ့ ဇာတ်ကောင်မျိုးတွေ ရှိတယ်။ အဲဒါဆိုရင်တော့ ဇာတ်ကားတွေကိုရွေးပြီး ရိုက်ဖြစ်တယ်။

မေး - လတ်တလော ဘာဇာတ်ကားတွေရိုက်နေလဲ။

ဖြေ - အခုက ညီမက ဇာတ်လမ်းတွဲတွေရိုက်ဖြစ်နေတယ်။ ဇာတ်လမ်းတွဲ လေးပုဒ်လောက်တော့ရှိပြီ။ Fover Group  နဲ့ စာချုပ်ချုပ်ထားတယ်လေ။

မေး - အဲဒါဆိုရင် သူတို့နဲ့စာချုပ်ချုပ်ထားတော့ အပြင်ကဇာတ်ကားတွေကိုရော ရိုက်လို့ရလား။

ဖြေ - ရပါတယ်။ 'ဧဒင်နတ်သမီး'ဇာတ်ကားကြီးက အပြင်ကထုတ်လုပ်ရေးနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ သူတို့က ခွင့်ပြုတယ်။ လုပ်ခွင့် ရှိတယ်။ အခွင့်အရေးရှိသလောက် လုပ်လို့ရတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့။ သူတို့နဲ့ရိုက်ကူးတဲ့ရက်တွေတူနေရင်တော့ အပြင်က ထုတ်လုပ်ရေးတွေနဲ့ ဇာတ်ကားရိုက်လို့မရဘူး။ အပြင်ကထုတ်လုပ်ရေးနဲ့ ညီမရိုက်မယ်ဆိုရင် သူတို့ရိုက်မယ့်ရက်ကိုရွှေ့ပြီးတော့ ရိုက်ရတယ်။

မေး - Fover Group နဲ့ စာချုပ်ပြည့်သွားပြီးရင် သူတို့နဲ့ထပ်ပြီးတော့ ဆက်လက်လုပ်ကိုင်သွားဖို့ရှိလား။

ဖြေ - အဲဒါကတော့ အခြေအနေအရပေါ့နော်။ စာချုပ်ပြည့်ပြီးသွားလို့ အပြင်ကထုတ်လုပ်ရေးတွေနဲ့ပဲ လုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးဆိုတာ ကတော့ အခြေအနေအရပါပဲ။

မေး - သရုပ်ဆောင်အလုပ်ကို ဘယ်အချိန်အထိ ဆက်လက်လုပ်ကိုင်သွားမယ်လို့ ရည်ရွယ်ထားလဲ။

ဖြေ - ရှေ့ဆက်ပြီးတော့ ညီမအတွက် ဒီအနုပညာအလုပ်မှာ အခွင့်အရေးရှိသလောက်၊ လုပ်ပိုင်ခွင့်တွေရှိသလောက် လုပ်သွားမှာပါ။ အဲဒီ အတွက်လည်း ပရိသတ်အားပေးမှုတွေလိုအပ်ပါတယ်။ ပရိသတ်အားပေးမှုရအောင်လည်း ကြိုးစားသွားမှာပါ။ ဝါသနာပါတဲ့အလုပ်ဖြစ်တဲ့ အတွက် အမြဲတမ်းတစိုက်မတ်မတ်နဲ့ လမ်းမှန်အတိုင်း လုပ်ကိုင်ဆောင်ရွက်သွားပါမယ်။

မေး - ပရိသတ်အတွက် စကားလက်ဆောင်တစ်ခွန်းလောက် ပြောပေးပါဦး။

ဖြေ - အခု ညီမကိုတောက်လျှောက် အနုပညာကို အားပေးနေတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ပရိသတ်အတွက် မကောင်းဘူး လို့ထင်တဲ့အရာတွေကို အမြဲတမ်းရှောင်ကြဉ်သွားမယ်။ ပရိသတ်ကလည်း ဝေဖန်ပေးပါလို့။ အဲဒီလိုဝေဖန်ပေးမှ ညီမတို့ဘက်က ပြင်ဆင် စရာတွေရှိရင် ပြင်ဆင်လို့ရမှာပါ။ ပရိသတ်တွေရဲ့ ဝေဖန်တဲ့စကားသံတွေကိုလည်း စောင့်မျှော်နေမှာပါ။ အနုပညာအလုပ်ကိုလည်း တစိုက်မတ်မတ်နဲ့ မှန်မှန်ကန်ကန် အမြဲကြိုးစားသွားမှာပါလို့။

 ရတနာ - ရန်ကုန်တိုင်းမ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ