ပြောင်းလဲလိုက်တဲ့ လူကျွန်စည်းမျဉ်း


ဖီဖာ အနေဖြင့် လူကျွံ စည်းမျဉ်းများကို ပြင်ဆင် ဖြည့်စွက်ခဲ့ခြင်းကြောင့် လာမည့် ရာသီ ပရီးမီးယားလိဂ်တွင် ဒိုင်လူကြီးများ အတွက် သာမက ပရိသတ်များ အတွက်ပါ ပရမ်းပတာ ဖြစ်စေမည် ဖြစ်သည်။

ဖီဖာ အနေဖြင့် ဘောလုံးလောက အတွင်း လူကျွံ ဥပဒေ ဖြစ်သည့် Law 11 ကို အပြောင်းအလဲ လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ထိုသို့ ပြောင်းလဲမှု အရ အကူဒိုင်များသည် ပွဲစဉ် အတွင်း တိုက်စစ်မှူး ၁ ဦး အနေဖြင့် ပြိုင်ဘက် တစ်ဦးကို ဟန့်တားနှောင့်ယှက်ခြင်း သို့မဟုတ် အခွင့်ကောင်းယူခြင်းများ ရှိမရှိကို ယခင်ကထက် ပိုပြီး သတိထား စောင့်ကြည့်ပြီး ဆုံးဖြတ်ရမည် ဖြစ်သည်။ လူကျွံ ဥပဒေသည် ဘောလုံးလောက အတွင်း လူပြော အများဆုံး ပြဿနာ ဖြစ်ပြီး ကွင်းအတွင်းတွင် အမြဲတစေ ဖြစ်လေ့ရှိသည့် အရာလည်း ဖြစ်သည်။

သို့သော် ယခု တစ်ပတ် အတွင်း ကျင်းပမည့် ဒိုင်လူကြီးများ နှစ်ပတ်လည် ကွန်ဖရင့်တွင် တက်ရောက်ခဲ့သည့် အင်္ဂလိပ် ဒိုင်များသည် ထိုသို့ အပြောင်း အလဲနှင့် ပတ်သက်၍ ကစားသမားနှင့် ပရိသတ်များ အကြား အငြင်းပွားစရာ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ ယခုလို ပြောင်းလဲရာတွင် ယခင်က ပါရှိ သည့် ကစားသမား တစ်ဦး အနေဖြင့် ပြိုင်ဘက်အပေါ် လှည့်ဖျားခြင်းမျိုး အပေါ် ကွင်းလယ်ဒိုင်က အကဲဖြတ်ခြင်း အပြုအမူကို ပယ်ဖျက်လိုက်ခြင်းပင် ဖြစ်သည်။ ယခင်က ပြိုင်ဘက် အပေါ် ဟန့်တားခြင်းမျိုးနှင့် စပ်လျဉ်း၍ လူကျွံ ဥပဒေကို ထားရှိပြီး ယင်းအချက်အပေါ် ကွင်းလယ်ဒိုင်များက ဦးစားပေး ခဲ့ကြသော်လည်း ယခု အခါတွင် ဘောလုံး ကစားရာတွင် ယင်းမှာ ပြိုင်ဘက် အတွက် စိန်ခေါ်မှု အဖြစ်သို့ ပြောင်းလဲ လာခဲ့ပြီ ဖြစ်သည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ