မိသားစုတွင်း ကင်ဆာရောဂါ ဖြစ်ပွားသူရှိပါက ကင်ဆာဖြစ်ပွားနိုင်ခြေများ


မီလန်၊ ဇူလိုင် ၂၅

မိသားစုတွင်း ကင်ဆာရောဂါ ဖြစ်ပွားသူ ရှိပါက အမျိုးအစားတူသော ကင်ဆာရောဂါများသာမက အခြားသော ကင်ဆာရောဂါများ လည်း ဖြစ်ပွားနိုင်သည်ဟု လေ့လာ သုတေသနပြုမှု တစ်ရပ်ကို BBC သတင်းဌာနက ကိုးကား ဖော်ပြသည်။

ကင်ဆာရောဂါ ၁၃ မျိုးမှာ ဆွေမျိုး အနီးစပ်ဆုံး တော်စပ်သူများတွင်ပါ ယင်းကဲ့သို့သော ကင်ဆာ အမျိုးအစား ဖြစ်ပွားရန် အလားအလာ များကြောင်း အီတလီနှင့် ဆွစ်ဇာလန် နိုင်ငံများရှိ လူပေါင်း ၂၃,၀၀၀ ကို လေ့လာချက်အရ သိရသည်။

ထို့ပြင် မိသားစုတွင်း ကင်ဆာရောဂါ ရှိပါက အခြားသော ကင်ဆာရောဂါ များလည်း ဖြစ်ပွားနိုင်ကြောင်း အထောက်အထားများ တွေ့ရှိထားသည်။

“သင့်အမျိုးထဲက တစ်ယောက်ယောက်မှာ ကင်ဆာ ရှိတယ်ဆိုရင် သင့်မှာလည်း အဲဒီလိုမျိုး ကင်ဆာ အမျိုးအစားတူ ဖြစ်ပွားဖို့ အလားအလာ များပါတယ်” ဟု အီတလီ သုတေသန အင်စတီကျု့မှ ဒေါတ်တာ အီဗာနီရစ်က ပြောကြားသည်။

ဆွေမျိုးထဲတွင် ကင်ဆာရောဂါ ရှိသူ ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်ပါက ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ကို လျှော့ချပေးနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မိသားစုတွင်း ဆေးလိပ် သောက်သုံးမှု ပုံစံ၊ အရက်သောက်မှု ပုံစံ စသည့် တူညီသော အလေ့အထများ ကလည်း ကင်ဆာရောဂါ ဖြစ်ပွားမှုအတွက် အဆက်အစပ် ဖြစ်စေကြောင်း ဒေါတ်တာအီဗာက ပြောကြားသွားသည်။

ထို့အပြင် မျိုးရိုးဗီဇ လက္ခဏာများကလည်း ကိုယ်ခန္ဓာတွင်းရှိ ကင်ဆာ ဖြစ်ပွားနိုင်သည့် အစိတ်အပိုင်းများအပေါ် အကျိုး သက်ရောက်နိုင် သည်။

မိဘများထံမှ လက်ခံ ရရှိထားသော မျိုးရိုး ဗီဇ၊ နေထိုင် စားသောက်မှု ပုံစံနှင့် သဘာဝ ပတ်ဝန်းကျင် အခြေအနေများက ကင်ဆာရောဂါ ဖြစ်ပွားမှု အခြေအနေကို အဆုံးအဖြတ်ပေးကြောင်း ဗြိတိသျှ ကင်ဆာ သုတေသနဌာန ကျန်းမာရေး သတင်းအချက်အလက် မန်နေဂျာ ဟာရစ်က ပြောကြား သွားသည်။

ဆေးလိပ် လုံးဝ မသောက်ဘဲ နေခြင်း၊ အရက် သောက်သုံးမှု လျှော့ချခြင်း၊ ကျန်းမာရေးနှင့် ညီညွတ် မျှတစွာ စားသုံးခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်း စသည့် အလေ့အကျင့်များကို လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပြု ပြော ကြားသည်။

ရင်သားကင်ဆာ ဖြစ်ပွားမှုမှာ မိသားစု တစ်ခုတွင်း ဖြစ်ပွားလေ့ ရှိသော် လည်း ဖြစ်ရပ် အများစုမှာ မျိုးရိုးစဉ်ဆက် ဖြစ်ပွားလေ့ မရှိကြောင်း၊ ယင်းရောဂါ ဖြစ်ပွားမှုကို အသေးစိတ် သိရှိနိုင်ရန် အမျိုးသမီးများကို ကာလ ရှည်ကြာ လေ့လာ သုတေသန ပြုရဦးမည်ဖြစ်ကြောင်း ရင်သား ကင်ဆာ ဖြစ်ပွားမှု ကူညီကယ်ဆယ်ရေး အဖွဲ့က မှတ်ချက်ပေးထားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ