‘ဘားမားခရိုနီကယ်’ မြန်မာဘာသာပြန် မြေမှုန်လွင်ပြောတဲ့ ကာတွန်းအနုပညာရဲ့ အရေးပါမှု

” ငါတို့စာပေ” ရဲ့ ထုတ်ဝေသူ စာရေးဆရာမြေမှုန်လွင်က မေလဆန်းမှာ ထုတ်ဝေခဲ့တဲ့ “ဘားမားခရိုနီကယ်” ကာတွန်းစာအုပ်ဟာလွန်ခဲ့တဲ့ ၂ဝဝ၈ခုနှစ်တုန်းက အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့တဲ့ Burma Chronicles ကို မြန်မာဘာသာပြန် ဆိုထားခြင်း ဖြစ်ပါတယ်။ မူလဖန်တီးရှင်ကတော့ ကမ္ဘာကျော်ကာတွန်း ပညာရှင် Guy Delisle ဖြစ်ပြီး ပြင်သစ်ဘာသာ နဲ့ ရေးဆွဲ ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီစာအုပ်ကို မြန်မာဘာသာပြန်ဆိုပြီး ဘားမားခရိုနီကယ် တိုက်ရိုက် အမည်နဲ့ပဲ မြန်မာပြည်မှာပြန်လည်ထုတ်ဝေခဲ့တဲ့” ငါကို့စာပေ”ထုတ်ဝေသူ စာရေးဆရာမြေမှုန်လွင်က ” ကျွန်တော်အမေရိကန်စင်တာမှာ အဲဒီစာအုပ်လေးကိုဖတ်ဖြစ်ပြီး သဘောကျမိသွား တာနဲ့ကျွန်တော့်အပေါင်းအသင်း ကာတွန်းဆရာတွေကို လိုက်ပြ ပြီးတော့ ဒီလိုကာတွန်းမျိုးကိုဆွဲကြပါလို့ ကျွန်တော်လိုက် ပြောခဲ့သေးတယ်။ ဒီကာတွန်းလေးက အစိုးရကိုဖားပြီးတော့ ရေးတာလည်း မဟုတ်ဘူး။ အစိုးရကို စော်ကားပြီး တိုက်ခိုက်ပြီးတော့ ရေးတာလည်း မဟုတ်ဘူး။ သူမြင်သမျှ မြန်မာပြည် နဲ့ပတ်သက်တဲ့အကြောင်းကို ရိုးရိုးလေးပဲ ရေးသွားတာ။ ဒီဟာမျိုးက မြန်မာပြည်မှာရှိတဲ့ ကာတွန်း မျိုးတွေနဲ့မတူဘူး။ တကယ့်ကို သူ့ကြုံတွေခဲ့ရတဲ့ဟာတွေကို ရေးသွားတာ ရသမြောက်သလို သရုပ်ဖော်ထားတာတွေလည်း ပီပြင်တဲ့အတွက်ကြောင့် ကျွန်တော်ထုတ်လိုက်တာပါ”လို့ ရှင်းပြပါတယ်။

အဓိကအနေနဲ့ ” မြန်မာခရိုနီကယ်” စာအုပ်ကို ထုတ်ဝေလိုက်ရခြင်းက ကိုယ့်နိုင်ငံမှာရှိတဲ့ ကာတွန်းဆရာတွေအတွက် ဒီလိုကာတွန်းအမျိုးအစားမျိုး ရှိတယ်ဆိုတာကို မိတ်ဆက်ပေးလိုက်တဲ့သဘောပဲလို့ မြေမှုန် လွင်က ပြောပြပါတယ်။

” မျိုးဆက်သစ်လူငယ်တွေ ကိုလည်း သိစေချင်တယ်။ မြန်မာပြည်မှာက ကာတွန်းဆိုတာနဲ့ဟာသနဲ့ ပေါ့ပေါ့ပါးပါးလောက်ပဲ၊ ကလေးဖတ်ဖို့ပေါ့။ ဒါပေမဲ့ ဒီဟာက ကလေးတင်မဟုတ်ဘူး၊ တကယ့်ကိုရသမြောက်တယ်။ လူကြီးတွေပါ ဖတ်လို့ရတဲ့ ကာတွန်းမျိုးပါ။ ဒီဟာကို ဖတ်ပြီးတော့အားကျပြီး အတုယူလိုက်ဆွဲကြမယ်ဆိုရင်တော့ ကာတွန်းလောကအတွက် အများကြီးအကျိုးရှိလာပါမယ်” လို့ မြေမှုန်လွင်က ပြောပါတယ်။ ကာတွန်းဆိုတာက တအားကို အရေးကြီးပြီး ဝတ္ထု၊ ကဗျာတွေဆိုတာ စာတွေကို အများကြီးဖတ်မှသာ လူတွေကသိနိုင်ပြီး ကာတွန်းက တော့ အဲဒီလိုမဟုတ်ဘဲ တစ်ကွက်တည်းနဲ့ ထင်းခနဲ ၊လင်းခနဲ မြင်နိုင်ပါတယ်” လို့ မြေမှုန်လွင်ကပြော ပါသေးတယ်။

” ကာတွန်းတစ်ခုက ဘယ်လောက်ထိ အရေးကြီးလဲဆိုရင် ခေတ် အဆက်ဆက်၊ အာဏာရှင် အဆက်ဆက်က ဒီကာတွန်းတွေကို ဖိနှိပ်ထားပြီးတော့ ဖုံး ကွယ်ထားတာကို လေ့လာကြည့် ရင်ပဲသိလိမ့်မယ်။ ကာတွန်းဟာ ဘယ်လောက် အရေးကြီးလဲဆိုတာ သိနိုင်ပါတယ်။ ကဗျာတွေ၊ ဝတ္ထုတွေထက် ကာတွန်းကို သူတို့ ပိုကြောက်ကြတယ်။ ပြောရရင် ကလေးရော၊ လူကြီးရော ထင်းခနဲ၊ လင်းခနဲတစ်ချက်တည်း သိသွားတဲ့ ဟာပေါ့။ တိုင်းပြည်အတွက် အရမ်းကို အရေးကြီးပါတယ်” လို့ မြေမှုန် လွင်က ဆက်ပြောပြခဲ့ပါတယ်။ စာရေးဆရာမြေမှုန်လွင် က နောက်ထပ်လည်း ပြည်တွင်း ကာတွန်းတွေကို စုစည်းထုတ် ဝေသွား ဖို့ရှိပြီး ငယ်စဉ်ကတည်းက ကာတွန်းကို ဝါသနာပါတဲ့ အတွက် ကျဆင်းပျောက်ကွယ် နေတဲ့ ကာတွန်းဈေးကွက်ကို ပြန် လည်ဖော်ဆောင်ချင် ပါသေးတယ်လို့ လည်းပြောခဲ့ပါ သေးတယ်။

ထက်လူလူ - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ