ဗီလာကို ခေါ်ယူရန် အလားအလာ ကောင်းမွန်နေသည့် စပါး


တော့တင်ဟမ် ဟော့စပါး အသင်းသည် ဘာစီလိုနာ တိုက်စစ်မှူး ဒေးဗစ် ဗီလာကို ခေါ်ယူရန် တစ်စထက် တစ်စ နီးစပ်လာနေကြောင်း သိရှိရသည်။

စပါး အသင်း၏ နည်းစနစ်ပိုင်း ဆိုင်ရာ ဒါရိုက်တာ ဖရန်ကို ဘယ်လ်ဒီနီသည် ဗီလာနှင့် ယခုသီတင်းပတ် မကုန်ဆုံးမီ ဆွေးနွေးမှုများ စတင်ပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းများက ဆိုသည်။ စပါးသည် တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူရန် ကာလရှည်ကြာ ကြိုးစားနေပြီး ယခုအခါ စပိန်လက်ေ ရွးစင် အသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူနိုင်သူ တိုက်စစ် မှူးကို ချိတ်ဆက်လာခြင်း ဖြစ်သည်။ ဗီလာသည် ကွန်ဖက်ဒရေးရှင်း ဖလား ပြိုင်ပွဲတွင် အသင်းငယ်လေး တဟီတီဘက်သို့ Hat-Trickသွင်းယူနိုင်ခဲ့သည်။

ဗီလာသည် ဘာစီလိုနာတွင် ဒဏ်ရာ ပြဿနာများနောက်ပိုင်း ကြုံရသည့် ကြံ့ခိုင်မှု မပြည့်ဝခြင်းများအတွက် ရုန်းကန်နေရသည့်တိုင် ပြိုင်ပွဲစုံတွင် ပြီးခဲ့ သည့်ရာသီ (၁၆)ဂိုး သွင်းယူပြခဲ့သေးသည်။ စပါးမန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် အီမန်နျူရယ်လ် အဒီဘာယောကို ရောင်းထုတ်ပြီး ဗီလာနှင့် အစားထိုးနိုင်ရန် မျှော်လင့်လျှက် ရှိသည်။ စပါးသည် လတ်တလောတွင် ဗလန်စီယာ အသင်း၏ တိုက်စစ်မှူး ရောဘတ်တို ဆိုလ်ဒါဒိုနှင့် အင်တာနေ စီယွန်နယ်လ်မှ လီယန်ဒရို ဒိုင်မီယိုတို့ကိုလည်း စိတ်ဝင်စားနေဆဲ ဖြစ်သည်။

Ref: Daily Mail

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ