အနုပညာကို အသုံးချချင်တဲ့ စိတ်မရှိကြောင်း နန်းစုရတီစိုးဖွင့်ဟ

အနုပညာလောကမှာ သရုပ်ဆောင် ဘက်သာမက အဆို၊ အကဘက်မှာပါ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူက နန်းစုရတီစိုးပဲဖြစ်ပါတယ်။ နန်းစုရတီစိုးက အနု ပညာရဲ့ အောင်မြင်မှု လမ်းကြောင်းပေါ်က အမှတ်တရတွေကိုလည်း ပြန်လည် ပြောပြလာပါတယ်။ “ကြိုးစားခဲ့တဲ့အမှတ်တရဆိုရင် အများကြီးမှ အများကြီးပဲ။အောက်ခြေကနေ ကြိုးစားတယ်။ ကြိုးစားပင်ပန်းရသလောက် ပြန်ရတာရှိသလို ပြန်မရတာလည်းရှိတယ်။ ဘယ်အရာမဆို နန်းစုက ရောင့်ရဲတင်းတိမ်မှုရှိပါတယ်”လို့ ပြောပြပါတယ်။ အနုပညာရှင် တွေ ဝတ်ပုံစားပုံကိုကြည့်ပြီး ပရိ သတ်တွေက အတုယူတတ်သလို ကုန်ပစ္စည်းတွေကိုလည်း မိမိနှစ်သက်တဲ့ အနုပညာရှင်က ကြော်ငြာမှသာ ရွေးချယ်ဝယ်သုံးကြလေ့ ရှိပါတယ်။ ဒါကြောင့် အနုပညာသမားဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် ဘယ်လောက်ထိ အရေးပါလဲ၊ ဘယ်အခန်းကဏ္ဍက ပါဝင်သလဲ ဆိုတာ မေးကြည့်တော့..”အနုပညာဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ပြလို့ရသလို စီးပွားရေး၊ လူမှု ဆက်ဆံရေး အရာအားလုံးပါဝင်တာမို့ အနုပညာဆိုတာ တကယ့်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အနုပညာရှင်တွေကလည်း စံပြဖြစ်ရမယ်လေ။ ဒါကို နည်းမျိုးစုံနဲ့ အဖွဲ့အစည်းမျိုးစုံကနေ အနုပညာကို ဖန်တီး အသုံးချပါတယ်။ တချို့က ဝါဒဖြန့်ချင်တဲ့ဆန္ဒ၊ တချို့ကတော့ ဖျော်ဖြေဖို့သက်သက်ပေါ့။ နန်းစုကတော့ အနုပညာကိုမြတ်နိုးလို့၊ တန်ဖိုးထားလို့၊ ချစ်လို့၊ ဝါသနာပါလို့ လုပ်တာပါ။ အနုပညာနဲ့ပတ်သက်ပြီး ဖန်တီးချင်တဲ့စိတ်ရှိလို့ ဖန်တီးကြည့်မယ်။ နန်းစု အနုပညာကို လုပ်တယ်။ အနုပညာကို အသုံးချချင်တဲ့စိတ်တော့ မရှိပါဘူး။ ပရိသတ်ကို အင်တာတိန်းမန့်လုပ်ရတယ်၊ ဖျော်ဖြေနေရတယ်။ ကိုယ့်ကြောင့် ပရိသတ် ပျော်ရွှင်မှုပီတိတွေ ခံစားရတယ်ဆိုရင်ပဲ ပီတိဖြစ်နေပါပြီ။ အနုပညာကို ဘယ်သူတွေ ဘယ်လိုပဲမြင်မြင် နန်းစုကတော့သန့်ရှင်းတဲ့စိတ် တစ်ခုတည်းကို ထည့်ပြီးလုပ်တာပါ”လို့ ပြောပြခဲ့ ပါတယ်။ တစ်ကိုယ်တော်အခွေကိုတော့ ၅ လပိုင်း မှာထွက်ဖို့ မှန်းထားကြောင်း၊ အခြားအလုပ်တွေကလည်း လုပ်နေတဲ့အတွက် အခွေဘက်မှာ အချိန်ကလျော့သွား ကြောင်း၊ သေသေချာချာပြင်ဆင်ပြီးမှ ပရိသတ်ကို ချပြချင်လို့ နည်းနည်းကြန့်ကြာမှု ရှိနေတာဖြစ်ကြောင်း၊ ဒုတိယအခွေမှာတော့ ပထမခွေနဲ့ မတူတဲ့ မြူးဇစ်ပုံစံတွေပါမှာ ဖြစ်သလို ပါဖောမန့်တွေလည်း လုပ်ထားကြောင်း၊ အခွေ နာမည်ကိုတော့ Forwardလို့ပေးထားကြောင်း နန်းစု ရတီစိုးက ပြောပြခဲ့ ပါတယ်။

ထူးထူး - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ