Tamiflu တမီဖလူးဆေး


မင်္ဂလာပါဆရာ။ ကျွန်တော်က ရန်ကုန်မှာနေတဲ့အတွက် ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်လို့ထင်လာတဲ့အတွက်၊ ဆရာပြောတဲ့ Tamiflu ကို ထိုးဆေး (သို့) သောက်ဆေး တမျိုးမျိုးနဲ့ဆိုလျှင် အနည်းငယ်တော့ (မယုံလို့မဟုတ်ပါခင်ဗျာ) လုံခြုံမယ်ထင်လို့ လှမ်းမေးတာပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။
ဆေးအကြောင်းတော့ရေးပါမယ်။ ကျွန်တော်က ကူးစက်ရောဂါအထူးကုဆရာဝန်တော့ မဟုတ်ပါ။
Tamiflu (oseltamivir) တမီဖလူးဆေးဟာ ဗိုင်းရပ်စ်ဆေးတမျိုးဖြစ်တယ်။ Influenza virus types A and B တုပ်ကွေး အမျိုးအစား အေ နဲ့ ဘီမှာသုံးနိုင်တယ်။
အသက် ၂ ပတ်သားကနေ လူကြီးတွေအထိပေးနိုင်တယ်။ အများအားဖြင်း ရောဂါလက္ခဏာခံစားရတာ ၂ ရက်နေမှသာ ပေးလေ့ရှိတယ်။ တချို့က ကာကွယ်ဆေးသဘောနဲ့ တနှစ်အထက်ပေးကြတာရှိတယ်။ ဗိုင်းရပ်ကဖြစ်တဲ့ အအေးမိတာအတွက်တော့ မသုံးကြပါ။
Tamiflu 75 mg capsule ဆေးတောင့်နဲ့ 6 mg per mL ဆေးရည်လည်းရှိတယ်။
Flu Treatment တုပ်ကွေးကုသဆေး
အသက် ၁၃ နှစ်အထက် = 75 mg တနေ့ ၂ ကြိမ်၊ ၅ ရက်။
အသက် ၂ ပတ်ကနေ ၁၂ နှစ်အထိ = 1 dose တနေ့ ၂ ကြိမ်၊ ၅ ရက်။ (အသက်အလိုက် 3 mg/kg, 30 mg, 45 mg, 60 mg, 75 mg)
Flu Prevention တုပ်ကွေးကာကွယ်ရန်
အသက် ၁၃ နှစ်အထက် = 1 dose တနေ့ ၁ ကြိမ်၊ ၁ဝ ရက်။
အသက် ၁ နှစ်ကနေ ၁၂ နှစ်အထိ = 1 dose တနေ့ ၁ ကြိမ်၊ ၁ဝ ရက်။ (အသက်အလိုက် 3 mg/kg, 30 mg, 45 mg, 60 mg, 75 mg)
ဘေးထွက်သက်ရောက်မှုတွေရှိနိုင်တယ်။ စိတ်ရှုတ်ထွေးခြင်း၊ ကိုယ်လက်တုန်ခြင်း၊ စကားပြောရတာခက်ခြင်း၊ အမြင်-အကြား တမျိုးထင်မြင်နေခြင်း၊ တက်ခြင်း၊ စတာတွေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ