အမျိုးသားများ၏ အဓိကအန္တရာယ် (သို့) ဆီးကြိတ်ကင်ဆာအတွက် မျှော်လင့်ချက်


အမျိုးသားတွေမှာ အဖြစ် အများဆုံးကင်ဆာက ဆီးကြိတ် ကင်ဆာရောဂါဖြစ်ပြီး၊ အဓိက ရောဂါကို ထိန်းကျောင်းပေးတဲ့ အရာကတော့ androgen receptor လို့ခေါ်တဲ့ ကျားဟော်မုန်း လက်ခံပဲ ဖြစ်ပါတယ်။ ဆီးကြိတ်ကင်ဆာ ဝေဒနာရှင်တွေမှာ ထပ်ခါထပ်ခါ ပြန်ဖြစ်လာတဲ့အခါ ကုသရမယ့်နည်း သစ်တွေကို Duke Health ကျန်းမာရေးဌာနမှ သုတေသီတွေက ရှာဖွေခဲ့ရာ ကင်ဆာဆဲလ်တွေကို လောင်စာဆီအဖြစ် ဖြည့်တင်းပေး မယ့် ကျားဟော်မုန်းတွေကို တားဆီး ပေးမယ့် နိုဗယ်လ်ဒြပ်ပေါင်းကို tetraaryl cyclobutane (CB) လို့ခေါ်ပြီး ယင်းဒြပ်ပေါင်းက လက်ရှိ ကုထုံးတွေကို ယဉ်ပါးနေတဲ့ ဆီး ကြိတ်ကင်ဆာအတွက် ကုထုံးသစ် ဖြစ်နိုင်ချေ များနေပါတယ်။

ဆီး ကြိတ်ကင်ဆာဆဲလ်တွေကို တိုက် ခိုက်ရာမှာ ကျားဟော်မုန်းလက်ခံရဲ့ လုပ်ငန်းဆောင်ရွက်မှုကို anti-endocrine ကုထုံးများနဲ့ ဖိနှိပ် ထားခြင်းက အစပိုင်းမှာ အကျိုးသက် ရောက်မှု ရှိသော်လည်း၊ ကင်ဆာ ဆဲလ်အများစုက ယင်းကုထုံးနဲ့ ယဉ်ပါးလာပြီး ပိုပြီးပြင်းထန်တဲ့ ကင် ဆာအဖြစ် ပြောင်းလဲသွားပါတယ်။ Duke health မှ သုတေသီတွေက အီလွီနွိုက်တက္ကသိုလ်မှ သိပ္ပံပညာ ရှင်တွေနဲ့ ပူးပေါင်းပြီး CB ဒြပ် ပေါင်းထုတ်လုပ်နိုင်ဖို့ ကြိုးစားခဲ့ပါ တယ်။ ယင်းဒြပ်ပေါင်းက ကျားဟော် မုန်းလက်ခံကို တားဆီးပေးတဲ့ အပြိုင်ဒြပ်ပေါင်းအဖြစ် လုပ်ဆောင် ပေးပေမယ့် လက်ရှိသုံးနေတဲ့ဆေး တွေနဲ့ တည်ဆောက်ပုံခြင်းက လုံးဝ ကွာခြားတယ်လို့ သိရပါတယ်။ CB ဒြပ်ပေါင်းထဲက ပါဝင်ပစ္စည်းတစ်ခုက ကျားဟော်မုန်းလက်ခံရဲ့ ပြောင်းလဲ နေတဲ့ပုံစံ (ယင်းပုံစံကို လက်ရှိသုံးနေတဲ့ ဆေး enzalutamide က မတိုက်ခိုက်နိုင်) ကိုပင် တားဆီး နိုင်ကာ ကင်ဆာဆဲလ်ထဲသို့ androgen ဟော်မုန်းများ ၀င်ရောက်ပြီး ကင်ဆာဆဲလ်ကြီးထွားမှုကို တား ဆီးပေးနိုင်တယ်လို့ သိရပါတယ်။ ယခုတွေ့ရှိမှုက ဆေးမတိုးတဲ့ ဆီး ကြိတ်ကင်ဆာကုသမှုကို တိရိစ္ဆာန် လေးများတွင် အောင်မြင်စွာ ကုသ ပြနိုင်ခဲ့ပြီး အခြားသတ္တ၀ါငယ်လေး များတွင် စမ်းသပ်ပြီး အခြားကင်ဆာ တွေအပေါ်မှာလည်း သက်ရောက်မှု ရှိမရှိ စမ်းသပ်သွားမယ်လို့ ဆိုခဲ့ပါ တယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ