Syphilis and VDRL ဆစ်ဖလစ် ကုသခြင်းနဲ့ ဆေးစစ်ခြင်း


၁။ ဆရာခင်ဗျာ VDRL ကိုသွေးစစ်ပြီး အဖြေတွေ့ပြီးနောက် E mycin လို့ခေါ်တဲ့ဆေးကို တနေ့ ၄ လုံးစီ ၂၈ ရက် သောက်ပါတယ်။ ပြီးနောက် သွေးထပ်စစ်တဲ့အခါမှာလည်း ထပ်တွေ့နေသေးတဲ့အတွက် Pen လို့ခေါ်တဲ့ဆေး တပတ် ၁ လုံး ၃ ပတ် ဆက်တိုက်ထိုးပြီး တလပြည့်တဲ့အခါ သွေးပြန်စစ်သော်လည်း တွေ့နေပါသေးသည်တဲ့။ အသိဆရာမ တယောက်ကတော့ သူ့ဘာသာသူ ပျောက်သွားလိမ့်မယ်တဲ့။ ဆေးလိမ့်ပတ်လည်အောင် စောင့်လိုက်ပါတဲ့။ ဘာဆက်လုပ်ရမလဲခင်ဗျာ။ နောက်တကြိမ် ထပ်စစ်လို့တွေ့ရင် ဘာဆက်လုပ်ရမလဲ မသိတော့လို့ပါ။

၂။ ဆရာ သမီးအမည်က့ ပါ။ အသက်က ၃၈ နှစ်ပါ။ VDRL နဲ့ TPHA စစ်ရင် ဘယ်ဟာကို အရင်စစ်ရမလဲ။

၃။ သမီးက ၂ဝ၁၂ လောက်က အသက်က ၂၇ ပါ ဆစ်ဖလစ်ရောဂါ ခံစားခဲ့ရဖူးပါတယ်။ အဲ့အချိန်တုန်းကတော့ အိမ်ထောင်မရှိသေးပါဘူး။ ဘယ်သူနဲ့မှလည်း အတူမနေဖူးပါဘူး။ သွေးလှူလှူနေရင်းနဲ့ ဘယ်လိုအကူးခံရလဲတောင် မသိခဲ့ပါဘူး။ စဖြစ်ခါစသွးစစ်တော့ VDRL 2 dilute (TPHA positive) ပြပါတယ်။ အထူးကုဆရာဝန်နဲ့ပြသခဲ့ပါတယ်။ ဆေးထိုးမယ်ပြောတော့ ပင်နီဆလင် တပတ် ၁ လုံးနဲ့ ၃ ပတ်တိတိ ဆေး ၃ ကြိမ်ထိုးခဲ့ပါတယ်။ အခုအသက်က ၃ဝ၊ ကိုယ်ဝန်က ၃ လ ရှိနေပါပြီ။ ဆေးကုသမှုလုပ်ပြီး တပတ်နေမှာ သွေးထပ်စစ်တော့ VDRL 1 dilute ဆိုပြီးပဲ ပြပါတော့တယ်။ အဲ့လိုနဲ့ သမီးလည်း သွေးကို non-reactive မပြမချင်း သွေးစစ်သော်လည်း သွေးအဖြေက အခု ကိုယ်ဝန်ရှိချိန်ထိ VDRL 1 dilute ဆိုပြီးပဲ ပြနေတုန်းပါပဲ သမီးလည်းအဲ့ဒါနဲ့ ဆစ်ဖလစ်ဖြစ်တုန်းက ဆရာဝန်ကို ပြန်ပြတော့ ဆရာဝန်က ပြောပါတယ် active မဖြစ်ပါဘူး ဒါဟာ သွေးထဲမှာတဲ့ အမာရွတ်လို ပုံစံနဲ့ကျန်နေတာပါတဲ့ ကလေးကိုလည်း မကူးစက်နိုင်ပါဘူးတဲ့ ဆေးဝါးကုသမှုလည်းမလိုပါဘူးလို့ OG ကိုပြောခိုင်းပါတယ် dilute တွေ တက်လာရင်သာ ဆေးကုသမှုလုပ်ရမှာပါတဲ့၊ 1 dilute နဲ့ 2 dilute ဆိုတာက ဘာမှမဖြစ်ပါဘူးတဲ့၊ ကွာဟမှု သိပ်မရှိပါဘူးတဲ့၊ ဆေးမှတ်တမ်းတွေကိုသာ သေချာသိမ်းထားပါ OG ကိုပြောပါတဲ့။ အိမ်ထောင်မကျခင်က အမျိုးသားကို သွေးစစ်တော့ non-reactive လို့ပဲပြပါတယ်။ ဆေးကုသမှုလုပ်ခဲ့သားနဲ့ non-reactive က ဘယ်အချိန်မှာ ပြနိုင်ပါသလဲဆရာ။ သမီးရဲ့ ကလေးကို VDRL 1 dilute or 2 dilute ဆိုတာပြနေသေးတော့ ကူးစက်နိုင်ပါသလား။ ဆေးသောက်ဖို့ရော လိုအပ်ပါသလားဆရာ။ သမီးရဲ့ ဆေးကုသမှုကရော ပြည့်စုံလုံလောက်ခဲ့ပါသလားဆရာ။ သမီးကလေးကို ကူးစက်မှာလည်း စိုးရိမ်တယ်ဆရာ။ ဆစ်ဖလစ်ဖြစ်တုန်းက ဆေးကုသမှုမှတ်တမ်းကိုလည်း ဆရာ့ဆီ ပူးတွဲတင်ပြပေးပါမယ်။

၎။ ဆရာရှင့် သမီးသိချင်တာတခုကို ပြောပြပေးစေလိုပါတယ်။ RPR (VDRL) ရောဂါအကြောင်းနဲ့ပတ်သတ်ပြီး positive ရှိနေတဲ့သူက ဘယ်လိုကူးစက်နိုင်တယ်၊ ဘယ်လိုကုလို့ရတယ်၊ အရှင်းပျောက်နိုင်လား အချိန်ဘယ်လောက်ကြာလဲ ဆိုတာကို စုံလင်စွာသိချင်ပါတယ်ရှင့်။

၅။ ကာလသားရောဂါပိုး စစ်တယ်ဆိုရင် ဂနို၊ စစ်ဖလစ်တို့ ဖြစ်စေနိုင်တဲ့ပိုးတွေကို စစ်တာလားခင်ဗျာ။ အဖြေက မရှိဘူးဆိုပေမယ့် ပိုးက အောင်းနေတတ်ပါသလား။ အမျိုးသားများဆီးအောင့်ခြင်းအရ အမျိုးသမီးမှာ ဘာများဖြစ်နိုင်ပါသလဲ။

၆။ ကျွန်တော့်ရောဂါကို ဆေးခန်းသွားပြကြည့်တယ်။ အရင်ဆုံး ဆေးစစ်ပါတယ်။ ဆေးထပ်စစ်လိုက်တော့ VDRL မှာ WR ဆိုပြီး ရေးထားပါတယ်။ သူပြောတာတော့ သိပ်မရှိဘူးလို့ ပြောတယ်။ အဲဒါဘာကို ပြောတာဘဲ။ ပြီးတော့ TPHA ကို စစ်တာလို့လည်း ပြောပါတယ်။ အဲဒီ TPHA ကတော့ Plus ပါ။ သူကပြောတယ် အဲဒီ TPHA က အပေါင်းပြပြီးရင် နောက် ဘယ်အချိန်ဖြစ်ဖြစ် အဲဒါကို ထပ်စစ်ရင် အပေါင်းပဲပြတော့တယ်လို့ ပြောပါတယ်။ ရောဂါပျောက်သွားလည်း အပေါင်းပဲ ပြတယ်လို့ ပြောတယ်။ ဘာဖြစ်လို့လဲ သိချင်လို့ပါ။ ပြီးတော့ ကျွန်တော့်ကို ဆေးထိုးမလား၊ ဆေးသောက်မလား ဆိုပြီး မေးတယ်။ အဲဒါက ဆေးသောက်ရုံနဲ့ ပျောက်နိုင်သလား။ ဆေးနာမည်မေးကြည့်တော့ Doxycycline (100 mg) တဲ့။ အဲဒီဆေးရဲ့ အစွမ်းအာနိသင်က ဘာလဲ။

ကာလသားရောဂါဆိုတာ ဆစ်ဖလစ်ရောဂါကိုဆိုလိုတယ်။ မေးခွန်း (၆) ခုမှာ အမျိုးသား-အမျိုးသမီး (၃) ယောက်စိ။ ဂနိုအပါအဝင်တခြားအဲလိုရောဂါတွေကို လိင်ကတဆင့်ကူးစက်ရောဂါများလို့ခေါ်တယ်။ ဆေးစစ်တာက တမျိုးခြင်းကို စစ်တယ်။ စုံတွဲတခုမှာ တယောက်မှာရောဂါရှိနေရင် နောက်တယောက်ကို ကူးစက်မယ်။

VDRL နဲ့ TPHA တွေက (ဆစ်ဖလစ်) ရောဂါ အတွက် စစ်တာတွေပါ။ VDRL အပေါင်းလက္ခဏာ ပြတိုင်းတော့ ဒီရောဂါ ရှိတာလို့ အားလုံးကိုမပြောနိုင်ပါ။ ထပ်ပြီး Treponema Pallidum Haemagglutination (TPHA) test ဆက်စစ်ပါမယ်။ သူပါ (ပေါဇေးတဖ်) ဖြစ်ရင် (ဆစ်ဖလစ်) ရှိတာ သေချာတယ်။ RPR ဆိုတာ rapid plasma regain ဖြစ်ပါတယ်။ ဆစ်ဖလစ်ကိုစစ်တာပါပဲ။ အင်တီဘော်ဒီကိုစစ်တာပါ။ သိပ်စောနေရင်၊ သိပ်နောက်ကျရင် မှားတဲ့အနုတ် ပြနိုင်တယ်။ အပေါင်းပြရင်လဲ ပိုသေချာတဲ့နည်းကိုဆက်လုပ်ရပါမယ်။ FTA-ABS နည်းနဲ့ ဆစ်ဖလစ်နဲ့ ဒီရောဂါမဟုတ်တာကို ခွဲခြားနိုင်တယ်။

Benzathine penicillin G 2.4 million units IM ၏၇ ရက်တပါတ် ၁ လုံးနဲ့ ၃ ပါတ် ထိုးရင် ပျောက်ပါတယ်။ ဆစ်ဖလစ်အတွက် ပဌမတန်းဆေးအဖြစ် သတ်မှတ်တယ်။ Broad spectrum antibiotics နဲ့ 2.4 MU benzathine penicillin ဆေးပေးထားသူတွေမှာ ကွာခြားမှုမရှိတာတွေ့ရတယ်။ 4.8 MU benzathine penicillin နဲ့ procaine penicillin ဆေးပေးသူတွေမှာ ရလဒ်ပိုကောင်းကြတယ်။

ကောက်ချက်
VDRL test စမ်းနည်းဟာ ဆေးကုသမှုရသူတွေကို နောက်ပိုင်းဆက်လေ့လာဖို့ သုံးသင့်တဲ့နည်းဖြစ်တယ်။ ဆေးကုတာ စောလေကောင်းလေဖြစ်တယ်။ Benzathine penicillin များများနဲ့ Procaine penicillin ဆေးပေးရင် Seroconversion ခေါ်သွေးရည်ကြည် စစ်ဆေးတာကို နဂိုအနေရောက်စေဘို့ ပိုမြန်စေတယ်။

Doxycycline နဲ့ Tetracycline ဆေးတွေဟာ Primary syphilis ဆစ်ဖလစ်ဖြစ်စအတွက် Benzathine Penicillin G ထိုးဆေးလိုဘဲ အကျိုးတူဖြစ်စေတယ်လို့ ၂ဝဝ၈ အောက်တိုဘာလထုတ် American Journal of Medicine မှာ ရေးလိုက်ပါတယ်။ ပနယ်စလင် မတည့်သူတွေအတွက် အလွန်ကောင်းတဲ့သတင်း ဖြစ်ပါတယ်။

လူနာ ၄၄၅ ဦးထဲက ၄၂ဝ ဦးကို ပနယ်စလင် တလုံးထဲထိုး၊ ၂၅ ဦးကို Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်ပေးပြီး နှိုင်းယှဉ်ကြည့်တာ အားလုံးအတူတူနီးပါ။ ပနယ်စလင်ထိုးသူထဲက ၉၇့၎% နဲ့ စားဆေးပေးသူ ၁ဝဝ% တို့မှာ ပျောက်ကင်းကြတာ တွေ့ရတယ်။

Doxycycline (ဒေါက်ဆီဆိုက်ကလင်း) ဆေးကို (ကလာမိုင်ဒီးယား) ကျားအစေ့ရောင်၊ လိင်ကတဆင့်ကူးစက်ရောဂါတွေ၊ ဝက်ခြံ၊ ဆီးလမ်းပိုးဝင်တာ၊ သွားဖုံးရောင်၊ နူမိုးနီးယား၊ (လိုင်မ်း) ရောဂါ၊ အရေပြားအနာ၊ ဒေါင့်သန်းရောဂါတွေအပြင် (တိုက်ဖတ်စ်) ရောဂါ၊ ကာလဝမ်းရောဂါ၊ (ဘရူဆယ်လိုးဆစ်) တိရစ္ဆာန်-လူ ကူးစက်ရောဂါ၊ (ရစ်က်ဆီရယ်-အင်ဖက်ရှင်) ရောဂါ၊ (ကျူ) အဖျား၊ မျက်ခမ်းစပ်ရောဂါ၊ မျက်စိနာ၊ ဝမ်းကိုက်ရောဂါတွေအတွက် သုံးတယ်။ ငှက်ဖျား ကာကွယ်ဘို့ပါ သုံးနိုင်တယ်။ ကူးစက်ရောဂါအများစုအတွက် တခါသောက် 100 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်ပေးတာများတယ်။ တချို့ကို 200 mg စပေးပြီး၊ နောက် လျှော့ပေးတယ်။ လေထဲကရတဲ့ ဒေါင့်သန်းရောဂါဆိုရင် ရက် ၆ဝ ကြာပေးတယ်။
ဘေးထွက်ဆိုးကျိုးတွေ = ဝမ်းပျက်၊ မွေးလမ်း-စအို-အရေပြားယား၊ ပါးစပ်နာ၊ ခေါင်းကိုက်၊ မျက်စိကြည့်မကောင်း၊ အရေပြား အနီထွက်၊ အပိန့်ထွက်၊ အသက်ရှူခက်။ နေလောင်၊ မျက်စိ-အရေပြားဝါ၊ ဆီးနီ၊ ဝမ်းအရောင်ပျော့၊ အစားပျက်၊ အန်ချင်၊ အစာမကျေ၊ ဗိုက်နာ၊ အားယုတ်၊ စိတ်မကြည်၊ ဆီးနဲ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို မပေးပါ။ အထဲက ကလေးကို ထိခိုက်စေနိုင်တယ်။ သွားတွေ အရောင်မလှဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားဆေးတွေရဲ့ သတ္တိကိုလဲ ထိခိုက်နိုင်တယ်။

Demeclocycline, Minocycline, Tetracycline ဆေးတွေနဲ့တူလို့ တမျိုးကိုမတည့်ရင် သူ့ကိုလဲ မတည့်ဖြစ်နိုင်တယ်။ ကျောက်ကပ်ရောဂါရှိနေရင် သတိထားရမယ်။ အသက် ၈ နှစ်အောက်ကလေး မပေးတာကောင်းတယ်။ Antacids, Anticoagulants, Carbamazepine, Penicillin, Phenobarbital, Phenytoin, Vitamins, Calcium, Iron, Magnesium ဆေးတွေနဲ့ အချိန်ခြာပြီး သောက်တာကောင်းတယ်။ ကျောက်ကပ်နဲ့ အသည်းရောဂါရှိရင် သတိနဲ့ပေးရမယ်။ နေရောင်ကို ရှောင်နေတာ ကောင်းတယ်။

ဆစ်ဖလစ်ရောဂါစမ်းသပ်နည်း VDRL titres ကို ၁၉၇၆ ကနေ ၁၉၈၁ အထိ အိန္ဒိယစစ်တပ်ထဲမှာလုပ်ခဲ့တယ်။ အပေါင်းပြသူပေါင်း ၃၁၈၃ ယောက်ကို ဆေးပေးနည်းအမျိုးမျိုးပေးပြီးနောက် လပေါင်း ၃ဝ ကြာလေ့လာခဲ့တာဖြစ်တယ်။ ၁၅၃၂ ယောက်ကို အသေအချာလိုက်နိုင်ခဲ့တယ်။

ဆေးကုသပြီးနောက် ၆ လ မှာ
Primary ပထမအဆင့် = 16.47%၊
Secondary ဒုတိယဆင့် = 27.56%၊
Early latent နောက်ပိုင်းစောတဲ့အဆင့် = 18.95%

ဆေးကုသပြီးနောက် ၁၂ လမှာ
Primary ပထမအဆင့် = 11.38%
Secondary ဒုတိယဆင့် = 17.25%
Early latent နောက်ပိုင်းစောတဲ့အဆင့် = 15.79%

ဆေးကုသပြီးနောက် လ ၃ဝ အကြာမှာ
Primary ပထမအဆင့် = 6.60%
Secondary ဒုတိယဆင့် = 8.39%
Early latent နောက်ပိုင်းစောတဲ့အဆင့် = 11.58%

ဆေးကုသပြီးနောက် ၆ လ အကြာမှာ လူနာ ၁၁၇၃ ယောက်ကို CSF ခါးရိုးဆစ်အရည်စစ်ဆေးတော့ ၁ ယောက်မှာ VDRL reactivity ရှိတာတွေ့ရပြီး လပေါင်း ၃ဝ အကြာမှာ ၁၁၈၈ ယောက်ထဲမှာ ၂ ယောက်တွေ့ရတယ်။

ဆစ်ဖလစ်ဆေးကုသပြီးနောက်စစ်ဆေးခြင်း နောက်သုတေသနတခု
ဆစ်ဖလစ်ကို ဆေးကုသမှုခံယူပြီး ဆေးပြန်စစ်ရင် ပဌမအဆင့်ဆစ်ဖလစ်ဆိုသူတွေက နောက် ၁၂ လနေမှသာ အနုတ်ပြမယ်။ ဒုတိယဆင့်ဖြစ်ခဲ့သူတွေက နောက် ၂၄ လနေမှသာ ဆေးပြန်စစ်ရင် အနုတ်ပြမယ်။ ရောဂါ ကူးစက်ခံရတဲ့နောက် ဆေးမြန်မြန်ကုသူတွေက ဆေးပါတ်လည်ပြီးနောက် ဆေးပြန်စစ်လို့အနုတ်ပြတာ စောမယ်။ ၃ လကနေ ၆ လေနေလို့ပြန်စစ်တဲ့အခါ 4-fold decrease in titer နည်းတာဆိုရင် အလားအလာကောင်းတာကိုပြတယ်။ အဲလိုအဖြေကို ဆစ်ဖလစ် ပဌမဆင့်နဲ့ ဒုတိယဆင့်လူနာတွေမှာ ဆေးကုသပြီးနောက် ၃ လကနေ ၆ လဆိုရင်ဖြစ်မယ်။ Early latent syphilis တတိယအဆင့် ဆိုရင် ၁၂ လနေမှသာဖြစ်မယ်။ Late syphilis နောက်ပိုင်းကျနေတဲ့ဆစ်ဖလစ် ဆိုရင် <1:8 br="">



Dr. တင်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ