Healthy Habits ဘယ်လမ်းရွေးမလဲ


ဆရာ မင်္ဂလာပါ။ ကျွန်မ အခုမြန်မာနိင်ငံမှာ ကလေးကို မွေးကတည်းက ရေသန့်တိုက်တာ ဒီရောက်တော့လဲ ရေသန့်ပဲ တိုက်ဖြစ်တယ်ဆရာ။ ကလေးက နို့ဗူးဆိုတော့ ရေကို ကျိုတိုက်တယ်။ အမေတို့ကလဲ ရေနွေးနဲ့ ရေအေး ရောမတိုက်နဲ့ ဆိုလို့ ရေကျက်အေးလုပ်တိုက်တယ်။ အခု အသိတွေက ပြောကြလို့  ရေသန့်ကို ကြိုမတိုက်ရဘူးတဲ့ ဟုတ်လားဆရာ။
ဘေးထွက်ဆိုးကျိုး ဘာတွေရှိလဲ သိပါစေဆရာ။

ကလေး-လူကြီး ရေသောက်တာ အကျင့်လိုဖြစ်တယ်။ သောက်နေကျရေကို လျှာကစွဲလာတယ်။ ပြင်ကာစမှာ နည်းနည်း ခက်တယ်။ ရသွားပါတယ်။ အစားအသောက်တွေကနေလည်း အစာကျေချက်စနစ်မှာ စားသောက်နေကျကို ချက်လုပ်တာ အကျင့်ဖြစ်လာတယ်။ ပြောင်းကာစမှာ အဆင်မပြေ နည်းနည်းဖြစ်တတ်တယ်။ ရေဆိုတာ သောက်သုံးရန်သင့်တာ မှန်သမျှ သန့်ရင်သောက်နိုင်ကြပါတယ်။

ဆင်းရဲလို့နေပူထဲ ဖိနပ်မစီးတဲ့ကလေးတွေ၊ ဆောင်းတွင်းအနွေးထည်မစုံတဲ့ကလေးတွေ တွေ့ဖူးကြမယ်။ သူ့အကျင့်နဲ့သူ ခံနိုင်ရည်ရှိထားပြီဖြစ်လို့နေနိုင်ကြတာ။ နည်းနည်းလေးမှ အအေးမခံနိုင်သူတွေ၊ အပူမခံနိုင်သူတွေလည်းရှိတယ်။ အစားအသောက်မှာလည်း အများစားသလိုမစားနိုင်သူတွေရှိတယ်။ အားလုံးဟာ အကျင့်ဖြစ်တယ်။ ကိုယ်ခန္ဓာဇီဝကမ္မဗေဒ စနစ်က လိုက်လျောညီထွေအောင်လုပ်ပေးထားလို့ဖြစ်တယ်။ ခုခံအားမကောင်းရင်တော့ အဲလိုမဖြစ်ပါ။ ဆောရီး။

ဘယ်အရာမှ လွန်ကဲတာမသင့်ပါ။ ဆင်းရဲတဲ့ကလေးတွေမှာ အဲလိုခံနိုင်ရည်ရှိကြပေမယ့် အဲတာအတွက် ပေးဆပ်ရတာတွေရှိမယ်။ မိဘတွေကနေ အစစပိုးမွေးသလို အလွန်ယုယပြန်ရင်လည်း တော်တော့်ကူးစက်ရောဂါနဲ့ သဘာဝဒဏ်ကိုမခံနိုင်တဲ့ကလေးမျိုး ဖြစ်လာစေနိုင်တယ်။ ကူးစက်ရောဂါဝင်လွယ်တယ်။ အလာဂျီ ရလွယ်တယ်။

ကာကွယ်ဆေးလည်း အဲလိုပဲ။ မဖြစ်မနေထိုးရမယ့်ကာကွယ်ဆေးကိုတော့ ပျက်ကွက်လို့မရပါ။ ထိုးချင်ထိုးလို့ရတဲ့ ကာကွယ်ဆေးတွေ အကုန်ထိုးတိုင်းလည်း ရောဂါတွေကင်းတယ်လို့ အာမမခံနိုင်ပြန်ပါ။ အများနဲ့အတူ နေရထိုင်ရသူတိုင်း အများထဲမှာ နေနိုင်အောင် နေတတ်အောင်လုပ်ကြရတယ်။ ဘယ်သူမှ တယောက်တည်း နေမရလို့ဖြစ်တယ်။ ကိုယ့်အိမ်က အစားအစာသာစားတဲ့သူတွေ သူများအိမ်၊ အလှူအတန်း၊ စားသောက်ဆိုင် သွားစားရင် တခုခုဖြစ်တတ်တယ်။ မသွားပဲလည်း နေမရကြပါ။ ကမ္ဘာလှည့်ခရီးသွား ဝမ်းပျက်ရောဂါဆိုတာ အဲတာကြောင့်ဖြစ်တယ်။

ဖေါ်မြူလာကတော့ လူအများစုလုပ်ကြတာထဲက ကိုယ့်အတွက်အကောင်းဆုံးကိုသာရွေးချယ်သင့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ