သွေးထဲမှာ သကြားပမာဏများပြားတာက အရွယ်ရောက်ပြီးသူတွေကို အဝလွန်စေနိုင်


အမေရိကန်အရွယ်ရောက် အဝလွန်သူတွေကို လေ့လာကြည့်ရာမှာ ရှိနေတဲ့ သွေးထဲကသကြား ပမာဏဟာ ဆီးချိုသွေးချိုရောဂါတွေနဲ့ နှလုံးရောဂါတွေဖြစ်ပွားမှုကို ပိုမိုဆိုးဝါးစေတယ်လို့ သုတေသနတစ်ရပ်အရ သိရပါတယ်။

သွေးဖိအားပမာဏကိုထိန်းညှိတဲ့ အဆင့်အတန်းတွေဟာ အဝလွန်တဲ့လူတွေနဲ့ ဆက်စပ်မှုရှိနေတာကို တွေ့ရှိခဲ့ရတာပါ။ သွေးထဲမှာ သကြားပမာဏ ၃၇ရာခိုင်နှုန်းထက်များပြားသူတွေဟာ နှလုံးရောဂါဖြစ်ပွားမှုနှုန်း မြှင့်မားတယ်ဆိုတာကို ၁၉၈၈ခုနှစ်ကနေ ၂၀၁၄ခုနှစ်အကြား လေ့လာခဲ့တဲ့ သုတေသနတွေရဲ့ ထုတ်ပြန်ချက်တွေကနေ သိရှိခဲ့ရတာပါ။

“အရွယ်ရောက် အဝလွန်သူတွေဟာ အစားအသောက်ရှောင်ကျဉ်တာတွေ၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေ ပြုလုပ်တာတွေ လုပ်ပြီး သွေးထဲက သကြားပမာဏကိုထိန်းချုပ်တာ၊ ဝိတ်လျော့အောင်လုပ်တာတွေပြုလုပ်သင့်ပါတယ်” လို့ သုတေသနခေါင်းဆောင် ဒေါက်တာ Fangjian Guo ကဆိုပါတယ်။

သုတေသနတွေအရ အမေရိကန်တွေရဲ့ ၃၅ရာခိုင်နှုန်းလောက်ဟာ အဝလွန်သူတွေဖြစ်တယ်လို့ သိရပါတယ်။ သွေးထဲကသကြားပမာဏဟာ ဆီးချိုရောဂါအမျိုးအစား၂မျိုးကို ဖြစ်ပေါ်စေတယ်လို့ သုတေသီတွေကဆိုပါတယ်။


Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ