ခါးပတ်ကျပ်ကျပ် ၀တ်တတ်တဲ့သူတွေဟာ လည်ချောင်းကင်ဆာဖြစ်ပွားနိုင်

ခါးပတ်ကို ကျပ်တည်းစွာ ၀တ်ဆင်ခြင်းဟာ လည်ချောင်းကင်ဆာ (throat cancer) ဖြစ်ပွားစေဖို့ အခွင့်အလမ်းများတယ်လို့ သုတေသနတစ်ရပ်က ပြောထားပါတယ်။ အထူးသဖြင့် အ၀လွန်သူတွေမှာ ပိုဖြစ်ပွားနိုင်တယ်လို့လဲ သိရပါတယ်။

ခါးကို ထိန်းချုပ်ထားမှုများခြင်းဟာ အစာအိမ်ကနေ အက်ဆစ်တွေကို အပေါ်ကိုပိုပြီး ဆန်တက်စေနိုင်ပြီး လည်ချောင်းကင်ဆာနဲ့ အစာရေမျို ကင်ဆာတွေကို အဖြစ်များစေနိုင်တယ်လို့ ဂလက်စဂိုမြို့မှ စကော့တလန်လူမျိုး သုတေသီတွေက ဖော်ထုတ်နိုင်ခဲ့တာပါ။

ဒီလေ့လာမှုမှာ ယခင်က အဲဒီလို အစာခြေအက်ဆစ်တွေ ပြန်ဆန်တက်မှု မှုမရှိဖူးတဲ့ လူတွေကို စမ်းသပ်ကြည့်ခဲ့ပါတယ်။ ထက်ဝက်သောသူတွေကတော့  ပုံမှန်ခါးဆိုဒ်ရှိသူတွေဖြစ်ပြီးတော့ အခြားသူတွေကတော့ အ၀လွန်သူတွေပဲဖြစ်ပါတယ်။

ဂလက်စဂိုတက္ကသိုလ်မှ ပါမောက္ခ Dr.Kenneth McColl က “ခါးပတ်ကျပ်ကျပ်ဝတ်ခြင်းဟာ အ၀လွန်သူတွေမှာဆိုရင် အစာအိမ်နဲ့ လည်ချောင်း ကြားမှာဖိအားတွေ ဖြစ်စေပါတယ်။ ဒါကအစာခြေအက်ဆစ်တွေပြန်ဆန်တက်ခြင်းနဲ့ ကြုံလာခဲ့ရင်တော့ လည်ချောင်းကင်ဆာ နဲ့အစာရေမျိုကင်ဆာတွေဖြစ်ဖို့  ဖြစ်နိုင်ချေ တော်တော် များစေပါတယ်”လို့ ရှင်းပြထားပါတယ်။

ဒါဟာအစာအိမ်နဲ့မတူဘဲနဲ့ အစာရေမျိုရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ အက်ဆစ်ရဲ့ဒဏ်ကို ခံနိုင်ရည် မရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ဒါ့ကြောင့် ရင်ပူတာ ဗိုက်အောင့်တာတွေကို ခါးပတ်ကျပ်ကျပ် ၀တ်ရင်ခံစားရတာဖြစ်ပြီး အခုလေ့လာမှုကြောင့် အစာရေမျိုကင်ဆာတောင် ဖြစ်နိုင်တယ်ဆိုတာကို သိရှိနိုင်ခဲ့ပါ တယ်။ ဒီလေ့လာမှုကို Journal of Gut မှာ ဖော်ပြထားတာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

ref: PTI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ