မိမိ အကြောင်းကို မကြာခဏ ထုတ်ဖော် ပြောကြားသူများ စိတ်ကျရောဂါ ပိုမိုဖြစ်ပွား

''ကျွန်တော်က။ ကျွန်ုပ်ကိုယ်တိုင်''စသည်ဖြင့် မိမိအကြောင်းကို ဖွင့်ဟ ပြောကြား သူများမှာ စိတ်ကျရောဂါ ပို၍ ခံစားရနိုင်ကြောင်း သိရသည်။ ဂျာမနီရှိ Kassel တက္ကသိုလ်မှ သိပံ္ပ ပညာရှင်များက

''ကျွန်တော်'' စသော မိမိကိုယ်ကိုယ် ညွှန်းသော နာမ်စား အသုံးပြုမှု များသူများမှာ အများဆိုင် နာမ်စား ''ကျွန်တော်တို့'' ကဲ့သို့ နာမ်စား အသုံးပြုသူ များထက် ပို၍ စိတ်ကျရောဂါ ဖြစ်ပွားမှုများေ ကြာင်း ဒေါက်တာ ဂျိုဟန်နီဇင်မာ မန် ဦးဆောင်သော သုတေသန ပညာရှင်များက အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁ဝ၃ ဦးကို တွေ့ဆုံ မေးမြန်းခြင်းမှ သိခဲ့ရသည်။ စမ်းသပ်ခံသူ အများစုမှာ စိတ် ကျရောဂါ ခံစားရသူများ ဖြစ်ကြသည်။

''ကျွန်တော်'' ''ကျွန်ုပ်'' စသော နာမ်စား အသုံးများသူ များမှာ အဖွဲ့အစည်းနှင့် ဆက်ဆံရေး ခက်ခဲတတ်ပြီး ပုဂ္ဂိုလ်ရေးရာ ခံစားမှုများ များပြားစွာ ရှိနေတတ်ကြောင်း သိရသည်။ အပြန်အလှန် အားဖြင့် ''ကျွန်ုပ်တို့'' ဟူသော နာမ်စား အသုံးများသူ များမှာ လူမှု ဆက်ဆံရေး ကောင်းမွန်သည်ကို တွေ့ရပြီး ကျန်းမာသော လူမှု ဆက်ဆံရေး ဘဝ ပိုင်ဆိုင်ထားကြောင်း သိရသည်။ Dr. Zimmerman က ''မိမိကိုယ်ကိုယ် ညွှန်းသော နာမ်စားက မိမိ အကြောင်းသာ စဉ်းစားကြောင်း ပြသပြီး အများဆိုင် နာမ်စား အသုံးပြုခြင်းက မိမိ အဖွဲ့ အစည်း၏ တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင် တာကို ပြသပါတယ်'' ဟု ဆိုခဲ့သည်။ Colorado Boulder တက္ကသိုလ်မှ သိပံ္ပပညာရှင် များကလည်း ပုံမှန် လေ့ကျင့်ခန်း လှုပ်ရှားခြင်းနှင့် မိမိကိုယ်ကိုယ် ထိန်းချုပ် ခြင်းက စိတ်ကျန်းမာရေး အတွက် ကောင်းမွန်ကြောင်း ပြောကြားခဲ့ပြီး မဖြစ်မနေ လေ့ကျင့်ခန်း လုပ်ရသူ များမှာလည်း အကျိုး သက်ရောက်မှု အတူတူဖြစ်ကြောင်း ပြောကြားခဲ့သည်။ ။

အေးချမ်းခင်

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ