အမျိုးသား တစ်ဦး၏ ဝမ်းဗိုက်အတွင်းမှ ငါးရှဥ့်အရှင် တစ်ကောင်ကို ဆရာဝန်များ ခွဲစိတ်ဖယ်ရှား


လူနာတစ်ဦး၏ ဝမ်းဗိုက်အတွင်းမှ ငါးရှဥ့် တစ်ကောင်အား ခွဲထုတ်မှုကို ရိုက်ကူးထားသည့် မှတ်တမ်းဗီဒီယို ထွက်ပေါ်လာသည်။
ထိုဗီဒီယိုတွင် ဆရာဝန်များသည် လူနာတစ်ဦး၏ ဝမ်းဗိုက်ကိုခွဲစိတ်မှု ပြုလုပ်ပြီး ငါးရှဥ့်တစ် ကောင်အား ဆွဲထုတ်နေသည်ကို တွေ့ရသည်။ အဆိုပါ ငါးရှဥ့်သည် အသက်ရှင်နေ ဖွယ်ရှိပြီး တွန့်လိမ်လှုပ်ရှား နေသည်ကိုလည်း ယင်းဗီဒီယိုတွင် တွေ့ရသည်။ ထိုဗီဒီယိုဖိုင်သည် တရုတ်နိုင်ငံတွင် ရိုက်ကူးထားဖွယ်ရှိသည်။ အသက် ၄၉ နှစ်ရှိ တရုတ်အမျိုးသား တစ်ဦးသည် ဝမ်းချုပ်သည့် ဝေဒနာကို ခံစားနေရစဉ် ရိုးရာနည်းလမ်းဖြစ်သည့် ငါးရှဥ့်ဖြင့် ဝမ်းချူခြင်းကို ပြုလုပ်ပြီးနောက် သေမလို ဖြစ်ခဲ့ရကြောင်း ပြောသည်။

သို့သော် ရိုးရာကုထုံးဖြင့် ကုသပြီးနောက် ဝမ်းဗိုက် အလွန်အမင်း နာကျင်လာသည့် အတွက် မီတာဝက် အရှည်ရှိသည့် အဆိုပါ ငါးရှဥ့်ကို ပြန်ထုတ်ပေးရန် ဆရာဝန်များနှင့် ပြသအကူအညီ တောင်းခံလိုက်ရခြင်းဖြစ်သည်။ အဆိုပါ ငါးရှဥ့်သည် ၎င်းခန္ဓာကိုယ်ထဲသို့ သူ့အလိုလို ဝင်သွားခြင်းဖြစ်ကြောင်း ယင်းအမျိုးသားက အစောပိုင်းတွင် အရှက်ပြေ ပြောထားသော်လည်း နောက်ပိုင်းတွင်မှ ရိုးရာကုထုံးဖြင့် ကုကာ ဝမ်းချူခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောလာခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းအမျိုးသားသည် ကိုယ်တွင်း ကလီစာဖြစ်သည့် ပန်ကရိယ ပေါက်ပြဲသည့် ဝေဒနာကိုလည်း ခံစားနေရသည့် အတွက် ဆေးရုံ၌ ဆက်လက် ဆေးကုသမှု ခံယူလျက် ရှိသည်

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ