အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် အဆုတ်ကို ထိခိုက်စေနိုင်


အရက်အလွန်အကျွံသောက်သုံးတာဟာ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကို ဖြစ်ပွားစေနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ “အရက်ဟာ အဆုတ်မှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ ချိန်ညှိမှုတွေကို ထိခိုက်စေပါတယ်” လို့ ဒီသုတေသနကို ဦးဆောင်ခဲ့တဲ့ ချီကာဂိုတက္ကသိုလ်က ဒေါက်တာ Majid Afshar က ဆိုပါတယ်။

Afshar တို့အဖွဲ့ဟာ အရွယ်ရောက်ပြီးတဲ့ အမေရိကန်ပေါင်း ၁၂၀၀၀ ကျော်ကို လေ့လာသုတေသနပြုလုပ်ခဲ့တာဖြစ်ပြီး သုတေသီတွေဟာ အရက်အလွန်အကျွံသောက်သုံးတဲ့ သူတွေအနေနဲ့ တစ်လကြာတဲ့အခါမှာ မသောက်သုံးသူတွေထက်စာရင် အသက်ရှုထုတ်တဲ့အခါမှာ နိုက်ထရစ်အောက်ဆိုက်တွေနည်းလာတာကို တွေ့ရှိခဲ့ရတာပါ။

နိုက်ထရစ်အောက်ဆိုက်ဟာ အဆုတ်ကို မကောင်းတဲ့ ဘက်တီးရီးယားတွေကနေ ကာကွယ်ပေးတာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ သုတေသနအရ ဒါဟာဆိုရင် အရက်သောက်သုံးတာနဲ့ နိုက်ထရစ်အောက်ဆိုက်ရဲ့ ဆက်စပ်မှုကို ပထမဦးဆုံးတွေ့ရှိခဲ့ကြတာပါ။

ဒီသုတေသနကို Chest ဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပြီး ဘယ်လိုဆေးဝါးတွေက အလုပ်လုပ်တယ်ဆိုတာကိုလည်း သုတေသီတွေက ဆိုခဲ့ကြပါတယ်။ “အဆုတ်ဆရာဝန်တွေအနေနဲ့ ဒီအချက်တွေကို စဉ်းစားဆင်ခြင်ရမယ့်အထဲမှာ ထည့်သွင်းသင့်နေပါပြီ” လို့ Afshar ကဆိုပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ