နီရဲသောအသားများကို စားသုံးခြင်းက ကျောက်ကပ်ကို ထိခိုက်စေနိုင်


နီရဲတဲ့အသားတွေကိုစားသုံးတာဟာ ကျောက်ကပ်ထိခိုက်မှုကို မြင့်တက်လာစေနိုင်တယ်လို့
 လေ့လာမှုအသစ်တစ်ရပ်အရသိရပါတယ်။

 နီရဲတဲ့အသားတွေ အထူးသဖြင့် ဝက်သားတွေမှာ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေကို ဖျက်ဆီးစေတဲ့ ရောဂါတွေကို မြင့်တက်စေနိုင်တဲ့ ဓာတ်တွေပါဝင်တာဖြစ်ပါတယ်။

ဒီသုတေသနကို စင်္ကာပူနိုင်ငံက Duke-NUS ဆေးကျောင်းက ပညာရှင်အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တွေ့ရှိခဲ့တဲ့ တွေ့ရှိချက်အရ “ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေအရ နီရဲတဲ့အသားတွေကို စားသုံးခြင်းဟာ ကျောက်ကပ်နဲ့ ပတ်သက်နဲ့ ရောဂါတွေကို ပိုမိုဖြစ်ပေါ်စေနိုင်တာဖြစ်ပါတယ်။” လို့ ဒေါက်တာ Woon Puay Koh က ဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန်လူမျိုးတွေရဲ့ သန်း၂၀ခန့်ဟာ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကို ခံစားနေကြရတာဖြစ်ပါတယ်။ ၂၀၀၀ခုနှစ်ကနေ ၂၀၀၈ခုနှစ်ကြားမှာ လူ ၆၅ယောက်ထဲက တစ်ယောက်မှာ ကျောက်ကပ်ရောဂါကို ခံစားကြရပြီး ယခုအခါ နှစ်ဆတိုးလာတယ်လို့သိရပါတယ်။




( Michelle )


#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref :UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ