Fluorine Deficiency ဖလိုရင်းနည်းရောဂါ


သွားရာဝန်တဦးက ကွန်မင့်ပေးပါတယ်။ အမှန်တော့ ဆရာပြောသလို plaque အကြောင်းမပါလို့မရပါဘူး။ သွားတိုက်နည်းစနစ်မှားပြီး သွားခြေမှာ ကျောက်တွေ များလာတာကြောင့် ရေစီးကမ်းပြို သွားဖုံးရောင်ရောဂါဖြစ်ရတာ အများဆုံးပါ။ နှုတ်ဖြေစာမေးပွဲတခုမှာပေါ့ သွားဆရာဝန်တွေကို သွားအကြောင်းမေးလိုက်တဲ့ exammner က ရာထူးဝန်ရုံးက သွားနဲ့ပါတ်သက်လို့ ဘာမှမသိတဲ့သူက မေးသတဲ့။ ရေစီးကမ်းပြိုရောဂါဘာကြောင့်ဖြစ်လဲမေးတော့ သွားဆရာဝန်က plaque အကြောင်းသေချာပြောပြတာပေါ့။ ဒါကိုပဲ ဆရာသမားက မင်းဘာတွေဖြေနေတာလဲကွာတဲ့။ ငါလိုချင်တာတခုပဲဖြေဆိုတော့မှ ဗီတာမင်စီချို့တဲ့လို့လို့ ပြောလိုက်တော့မှ သူရေးမှတ်လာတဲ့ စာအုပ်ကြီးကြည့်ပြီး ကျေနပ်သွားလေရဲ့တဲ့။

ကျွန်တော် သွားဆရာဝန်မဟုတ်ပါ။ ရာထူးဝန်ဆိုတာတော့ ဆရာဝန်အလုပ်ရအောင် သွားဖြေရဘူးတယ်။ မုံရွာနဲ့ မန္တလေးကြားက ဘူတာရုံတွေ ရွတ်ပြရတယ်။ နောက်ဆုံးဘုရင်ခံ နာမည်မေးတော့ ဆာ ဟူးဘတ် ရန့်စ်ကို ငါးပိသံနဲ့သာ ဖြေတတ်ခဲ့တယ်။

ဖလိုရိုက်ကို ဓါတ်ပါတဲ့၊ ထည့်ထားတဲ့ရေကနေရတယ်။ သောက်ရေထဲမှာ ဖလိုရိုက်ဓါတ် ပါနေရတယ်။ နည်းရင် Fluorine 1 mg/liter လောက်ထည့်ပေးရတယ်။ ဖလိုရင်းနည်းရောဂါဟာ အစားအသောက်ထဲမှာ ဖလိုရိုက်ဓါတ်နည်းလို့ဖြစ်တယ်။ သွားပိုးစားမယ်။ Osteoporosis အရိုးအားနည်းမယ်။ အားနည်းနေရင် သွားပေါက်တာမလှဘူး။ သွားအရောင်မဖြူဘူး။ အရိုးကျိုးလွယ်မယ်။ Fluoride ကို သွားတိုက်ဆေး ပါးစပ်ဆေးရည်ထဲမှာလည်းပါတယ်။ ပင်လယ်စာတွေထဲမှာပါတယ်။ ငါး၊ စပျစ်သီး၊ လဖက်ရည်ထဲမှာလဲပါတယ်။ မွေးကာစကလေးမှာ တနေ့ကို 0.01 mg လိုအပ်တယ်။ ၉-၁၃ နှစ်အရွယ်မှာ 2 mg လိုတယ်။ လူကြီးယောက်ျား 4 mg နဲ့ လူကြီးမိန်းမ 3 mg လိုတယ်။

Fluorosis ဖလိုရိုက်များရောဂါဆိုတာ သွားတိုက်ဆေး၊ ပါးစပ်ဆေးရည်တွေထဲမှာ ဖလိုရိုက်များနေရာကနေ ဖြစ်စေတယ်။ သောက်ရေထဲမှာ ဖလိုရိုက်များနေတာလဲ အကြောင်းခံတခုဖြစ်တယ်။ သွား-သွားဖုံးတွေ အရုပ်ဆိုးတဲ့အထိဖြစ်တဲ့ရောဂါကို ခေါ်တယ်။ အသက် ၈ နှစ်အတွင်းမှာ ဖလိုရိုက်ဆားဓါတ် များလွန်းလို့ဖြစ်တာပါ။ ဒီအရွယ်မှာ ကြီးသွားတွေပေါက်လာပြီ။ ဖြစ်ကာစမှာ သွားအရောင် မဖြူတာနဲ့စတယ်။

ဒီရောဂါအဖြစ်မနည်းပါ။ အသက် ၆ နှစ်ကနေ ၄၉ နှစ်အတွင်း၊ လူ ၄ ယောက်မှာ ၁ ယောက်ဖြစ်တယ်။ ၁၂ နှစ်ကနေ ၁၅ နှစ်မှာ အများဆုံး။ ၁% ကဆိုးတယ်။ ၂% က အသင့်အတင့်ဆိုးတယ်။ ကျန်တာတွေက မဆိုးပါ။ ဆေးကုစရာမလိုတာက များပါတယ်။ သွားအထူးကုဆရာဝန်ကနေ သွားတွေကို ဖြူအောင် လုပ်ပေးနိုင်တယ်။ Bonding နည်း၊ Crowns နည်းနဲ့ Veneers နည်းတွေရှိတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ