ပထမဆုံးတစ်ချိန် သုတ်သွေးလွှတ်ခြင်းဟာ မျိုးအောင်ဖို့အတွက် အကောင်းဆုံးဖြစ်ကြောင်း တွေ့ရှိရ




သုတေသနပြုသူတွေဟာ သုတ်သွေးလွှတ်ခြင်း အဆင့်ဆင့်ကို ခွဲခြားလေ့လာခဲ့ပြီး ပထမဆုံးအချိန် သုတ်သွေးလွှတ်ခြင်းဟာ မျိုးအောင်ဖို့အတွက် အကောင်းဆုံးဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပါသတဲ့။

ဘာဖြစ်လို့လည်းဆိုတော့ ဒီအချိန်မှာ ပိုမိုလျင်မြန်စွာ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းတဲ့ မျိုးရိုးဗီဇတွေပါဝင်တဲ့ သုတ်ပိုးပမာဏဟာ အလွန်များပြားစွာ ပါဝင်လာတာကြောင့်ဖြစ်ပါတယ်။

Seville ရှိ Ginemed မျိုးဆက်ပြန့်ပွားရေး သုတေသနဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ Maria Hebles က “ အရင်က သုတ်သွေးလွှတ်ခြင်းကို တစ်ကြိမ်တည်း တစ်ခါတည်း လွှတ်တယ်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမယ့် အဓိက မျိုးဆက်ပြန့်ပွားမှုအတွက် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေနဲ့ ပါဝင်မှုပမာဏကို အညီအမျှထိန်းညှိပေးနိုင်ဖို့ နှစ်ပိုင်းခွဲခြားထားတာကို တွေ့ရှိရပါတယ် “ လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။

ပညာရှင်တွေက ပထမပိုင်း သုတ်သွေးလွှတ်ချိန်မှာ မျိုးအောင်နိုင်ဖို့အတွက် မမျိုးဥနှင့် ပေါင်းစပ်မယ့် သုတ်ပိုးကို အကာအကွယ်ပေးထားတဲ့ ဖော့စဖိတ်၊ စစ်ထရစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓါတ်တွေပါဝင်ပါတယ်။

ဒုတိယပိုင်း သုတ်သွေးလွှတ်ချိန်မှာတော့ သုတ်ပိုးကို ထိခိုက်မှုများမှ ကာကွယ်ပေးပြီး မမျိုးဥနှင့် ပေါင်းစပ်မျိုးအောင်ခြင်းကို နှောင့်နှေးစေနိုင်သည့် အခြေအနေဖြစ်ပါတယ်။

( MTN )

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ