အသီးကိုဖျော်မသောက်ဘဲ စားပေးခြင်းက ကျန်းမာရေးအတွက်ပိုကောင်းမွန်


အသီးအနှံဖျော်ရည်များကိုသောက်သုံးခြင်းသည် ကျန်းမာရေးကိုအထောက်အကူပြုသည်ဟု အများက ယုံကြည်နေကြသည်မှာ ကျယ်ပြန့် စွာသုတေသနပြုလေ့လာစမ်းသပ်ထားသည့်အဖြေများကြောင့် မဟုတ် ဘဲ လူတစ်ယောက်စ၊နှစ်ယောက်စ၌ အကျိုးသက်ရောက်သည်ကိုတွေ့ ရှိပြီးနောက် အယုံလွယ်သွားကြ ခြင်းသာဖြစ်ပြီး တစ်ကယ်တမ်းတွင် အသီးအနှံဖျော်ရည်များ၌ပါဝင်သည့် အချိုနှင့်သကြားဓါတ်တို့ ကြောင့် သောက်သုံးသူများတွင် ကျန်းမာရေးကိုအထောက်အကူပြုသည်ထက် ထိခိုက်စေသည်က ပိုများနိုင်သည် ကို ဂရုပြုရန်လိုအပ်ကြောင်း အမေရိကန်သုတေသီများက ပြောသည်။ အချို့ က မနက်စာမှာ အဖတ်မစားဘဲ အရည်သောက်ကြပါတယ်။ သူ့ ခန္ဓာကိုယ်အကျင့်နဲ့ သူ နေလို့  ထိုင်လို့ ကောင်းတာ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းအတွက် တူတဲ့အကျိုးကျေးဇူး ကိုပေးမယ်ဆိုတာမျိုးတော့ သိပ္ပံနည်းကျအထောက်အထားတွေမရှိသေးပါဘူး။ ဒီတော့ မုန်လာဥနီ တစ်လုံးကို ကြိတ်ပြီး အရည်ဖျော်သောက်လိုက်တာနဲ့  ကျန်းမာရေးကောင်းသွားပြီဆိုတာမျိုးတော့ လက်ခံဖို့ ခက်ပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။ သစ်သီးဖျော်ရည်သောက်ခြင်းအားဖြင့် ကျန်းမာရေးကိုကောင်းကျိုးပြုသည်ဆိုခြင်းမှာလူအပြောသာရှိကြောင်း၊အမှန်တစ်ကယ်အကျိုးသက်ရောက်မှုရှိသည့်လက္ခဏာများ ရှိ၊မရှိ သိပ္ပံနည်းကျစူးစမ်းလေ့လာ ရန် လိုအပ်နေကြောင်း၊ သက်ကြီးစကားသက်ငယ်ကြားကာ လူပြောများ၍ အသီးအနှံဖျော်ရည်များက ဆေးဖက်ဝင်သည်ဟု ယုံကြည်နေကြခြင်းသာဖြစ်ကြာင်း ၄င်းက ဆက်လက်ပြောပြသည်။ ဖျော်ရည်ဖျော်သောက်ရာတွင် သကြားထပ်ထည့်ခြင်းကြောင့် ကယ်လိုရီမြင့်မားလာလေ့ရှိကြောင်း၊ အသီး ကို ဖျော်ရည်ဖျော်သည့်အခါ အလွန်အရေးပါသောဖိုက်ဘာတစ်ရှူးမျှင်များကို ဖယ်ထုတ်ပစ်ကြကြောင်း၊ သီးဖျော်ရည်ကိုဖျော်သောက်သည်ဆိုရာဝယ် တစ်ကယ်တမ်းတွင် ဗီတာမင်အနည်းငယ်သာပါသော သကြားရည်ကိုသောက်နေသည်နှင့်တူနေကြောင်း၊ တစ်ကယ်တမ်းတွင် အသီးကိုဖျော်မသောက်ဘဲ သဘာဝအတိုင်းစားခြင်းကသာ ကျန်းမာရေးကိုအထောက်အကူပြုမည့် အဟာရမျိုးစုံ ပါဝင်စေမည် ဖြစ်ကြောင်း သိရသည်။ ရှေးပဝေသဏီအချိန်ကစပြီး ယနေ့ ထိထက်တိုင် အသီးအနှံများကို အရည်ဖျော်သောက်ရသည်ကို လူအများက နှစ်သက်ကြကြောင်း၊ အသီးတစ်ခုလုံးကိုအရည်ဖျော်ပြီး သကြားထပ်မထည့်လျင် ကောင်း သော်လည်း အသီး၏အဆီအနှစ်များကိုဖယ်ထုတ်ခြင်း၊ ဖိုက်ဘာတစ်ရှူးမျှင်များကိုဖယ်ထုတ်ခြင်း၊ သကြား ထပ်ထည့်ခြင်း၊ ထို့ အပြင် သောက်ကောင်းအောင်၊ အနံ့ အရသာနှင့်ပြည့်စုံအောင် နည်းမျိုးစုံဖြင့် ပြင်ဆင် ခြင်းတို့ ကြောင့် သစ်သီးဖျော်ရည်မှ ကယ်လိုရီအလွန်မြင့်သောဖျော်ရည် ဖြစ်မှန်းမသိဖြစ်လာကြောင်း၊ ထို့ ကြောင်း အသီးအနှံဖျော်ရည် ဖျော်သောက်တိုင်း ကျန်းမာရေးနှင့်ညီညွှတ်သည်ဟု ယုံကြည်မှတ်ယူရန် မဖြစ်နိုင်ဘဲ ဂရုပြုရန်လိုအပ်ကြောင်း သုတေသီများက ဝေဖန်ထောက်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ