ကျားမ မရွေးဖြစ်ပွားတတ်သောခါးနာရောဂါ

ခါးနာရောဂါသည် ကျားမ မရွေးဖြစ်ပွား တတ်ပြီး ခါးနာခြင်းကြောင့် တခြားသောအရိုး ရောဂါများ ဆက်စပ်ဖြစ်ပွားတတ်သဖြင့်ခါးနာခြင်း ရောဂါမဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နိုင်ရန် ဒေါက်တာအောင်ခင်ဆင့်က ယခုလိုပြောပြခဲ့သည်။

ခါးနာခြင်းဝေဒနာအစ လူသည်ပက်လက်ဆန့်ဆန့် အိပ်ရာ အပေါ်တွင် အိပ်နေပါက ဖိအားသည်အနည်းဆုံးဖြစ်ပေသည်။ ခါးရိုးကိုအသုံးချမှု ကြာရှည်လာလျှင်သော်လည်း ကောင်း၊ အထူးသဖြင့် ခါးရိုးကိုမှန်ကန်စွာ အသုံး မချနိုင်ခဲ့ပါက ခါးရိုးနှင့်တကွ ၄င်း၏အထိန်းအကွပ် အရွတ်နှင့်ကြွက်သားများပေါ်တွင် ဒဏ်ပိကာခါးနာ ခြင်းဝေဒနာကို စတင်ခံစားလာရပေမည်။

ခါးနာခြင်းကင်းဝေးအောင်အိပ်စက်လျှင်အိပ်ရာမာမာကြမ်းခင်းပေါ် တွင် ဆန့်ဆန့်အိပ်ပါ။ ခေါင်းအုံးပါးပါးအုံးပါ။ ထိုင်လျှင်ခါးကိုကော့၍ထိုင်ပါ။ ကြာရှည်စွာထိုင် ရမည်ဆိုပါက ခါးနောက်တွင်ခေါင်းအုံးတစ်ခုထား ပါ။မတ်တတ်ရပ်လျှင် ကြာရှည်စွာတစ်နေရာတည်း တွင်မတ် တတ်ရပ်ခြင်းထက်လှည့်လည်၍လမ်းလျှောက် နေခြင်းက ခါးနာခြင်း
ကိုသက်သာစေသည်။

လေ့ကျင့်ခန်းလုပ်ရန်လိုပက်လက်ဆန့်ဆန့်အိပ်ပြီးခါးနောက်ကျောကို အပေါ်သို့ကော့တင်ပေးပါ။ တစ်ခါလေ့ကျင့်လျှင် ၁ဝ ကြိမ်မျှသုံးလေးခါ အားတဲ့အချိန်လုပ်ပါ။ မနာ စေရပါ။

ပက်လက်ဆန့်ဆန့်အိပ်ပြီး လက်ကိုကိုယ်ဘေး ကပ်ဖိထားပြီး ဒူးကွေး၍ရင်ညွန့်ရောက်အောင် ဒူးထိပ်ကိုရသမျှခါးကွေး၍ ရင်ညွန့် သို့မဟုတ် နဖူးကိုထိပေးပါ။

မှောက်အိပ်ပြီး ခြေနှစ်ဖက်စလုံး တစ်ပြိုင် နက်အပေါ်ကော့ပါ။ ဦးခေါင်းကိုလည်းအပေါ် ကော့တင်ပါ။ သုံးလေးခါရေကူးလေ့ကျင့်ပါ။

မေအိမ့်ဒါလီမွန် - The Union Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ